ဒေါ်အောင်ဆန်းစုကြည်ကို မြောက်ကိုးရီးယားသို့ အလည်လာရန် ဖိတ်ကြား


ဗီယန်ကျင်း ဇူလိုင် (၂၅)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်သည်ယနေ့ ညနေပိုင်းက မြောက်ကိုးရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး နှင့် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သည်။


ယင်းကဲ့သို့တွေ့ဆုံရာတွင် မြောက်ကိုးရီးယားနှင့် မြန်မာနိုင်ငံအကြားယခင်ဆက်ဆံရေးအတိုင်း ထိန်းသိမ်းသွားရန် မြောက်ကိုးရီးယားဘက်ကပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မြောက်ကိုးရီးယားသို့ လာရောက်လည်ပတ်ရန်ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - စောဖိုးခွား
ဂျာနယ်လစ် မဂ္ဂဇင်း
ဒေါ်အောင်ဆန်းစုကြည်ကို မြောက်ကိုးရီးယားသို့ အလည်လာရန် ဖိတ်ကြား  ဒေါ်အောင်ဆန်းစုကြည်ကို မြောက်ကိုးရီးယားသို့ အလည်လာရန် ဖိတ်ကြား Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.