ဝန်းသိုမြို့၌ ရေကြီးရေလျံမှုဖြစ်ပွား


ဝန်းသို ဇွန် ၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်း ခဲ့ခြင်းကြောင့် ဇွန် ၉ ရက် နံနက် ၃ နာရီက ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့သည်။


ရေကြီးရေလျံမှုများကြောင့် ဆီဆုံကုန်း၊ ကျမိုင်းကုန်း၊ ပုဇွန်တောင်၊ အရှေ့ဈေး၊ ဥယျာဉ်တော်၊ ကြိုးကြာ ကွင်းစသည့်မြို့ ပေါ်ရပ်ကွက်များနှင့် မန်ကျည်းကုန်း၊ မြိုင်ဇေယျာ၊ဇီးဖြူပင်၊ ဂွေ့ကြီး၊ လက်ပံကြီးတော၊ အုတ်ဖို၊ သရက်အိုက်၊ရှမ်းစု၊ ခြေယားကုန်း၊ စိန်လည် စသည့်ကျေးရွာများရှိ လူနေအိမ်များနှင့် စာသင်ကျောင်း များသို ရေများ ဝင်ရောက်ခဲ့ရာ ဒေသခံပြည်သူများ၏ သိုလောင်သီးနှံများနှင့် အိမ်မွေးတိရစ္ဆာန်များ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ရေလွှမ်းခံပြည်သူ တစ်ဦးက ပြောသည်။


ထို့အပြင် ဆင်ကုန်း-ဝန်းသို-ပင်လည်ဘူးလမ်း မိုင်တိုင်အမှတ်(၂၀/၃)နှင့် (၂၀/၄)ကြား တံတားအမှတ်(၃/၂၁) မောင်းကော် တံတား ကောလင်းဘက်ခြမ်း တံတားခေါင်း(၁၂)ပေ ခန့် မြေကျွံသွားသဖြင့် ကားငယ်များသာ ဖြတ်သန်း သွားလာနိုင်ပြီး ကားကြီးများဖြတ်သန်း မရနိုင်ခြင်း၊ ဆင်ကုန်း-ဝန်းသို-ပင်လည်ဘူးလမ်း(၇)မိုင် ဒေသတွင် မိုင်တိုင်အမှတ်(၂၇/၄)နှင့်(၂၇/၅)ကြား တံတားအမှတ်(၅/၂၇) ပင်လည်ဘူး ဘက်ခြမ်း တံတားချင်း ကပ် မြေသား အကျယ်(၁၀)ပေ၊ အနက်(၁၂)ပေခန့် ပြိုကျ၍ မော်တော်ယာဉ်များ ဖြတ်သန်းမရခြင်း၊(၈)မိုင်တွင် တံတားအမှတ် (၆/၂၈) ဝန်းသိုဘက်ခြမ်း(၁၀)ပေခန့် ကမ်းကပ်ခုံပြိုကျခြင်း၊ ကြိမ်ဖူးကုန်းကျေး ရွာအုပ်စုတွင် တုံးကြိတ်နှင့်အင်းမရွာကြား အုတ်ခံသစ်တားတံတား ရေမျောပါခြင်း၊ လယ်ဦး-ဝဲဖုံရွာကြား ၁၀ပေ တံတား တံတား(၂)စင်းရေမျော ပါခြင်း၊ ဝင်းကြီးကျေးရွာအုပ်စု (၅)မိုင် လမ်းဆုံတွင် ရေမျောကမ်းတင် လူသေအလောင်း(၂) လောင်းတွေ့ရှိသဖြင့် စစ်ဆေးဆောင် ရွက် ဆဲဖြစ်ကြောင်း မြို့နယ်ထွေ/အုပ် တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။


အဆိုပါ ရေးကြီးရေလျှံခြင်းမှာ ဇွန် ၉ ရက် နံနက် ၅ နာရီတွင် ကျဆင်းသွားခဲပြီး ရေလွှမ်း ခံ ဒေသများသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ များ ကွင်းဆင်း၍ လိုအပ်သည်များကို ကူညီဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဝန်းသိုမြို့၌ ရေကြီးရေလျံမှုဖြစ်ပွား  ဝန်းသိုမြို့၌ ရေကြီးရေလျံမှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:29 Rating: 5
Powered by Blogger.