ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ် မြေလင်းဒေသတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် လူ(၂)ဦးသေဆုံး အဆောက်အဦအချို့ပျက်စီး


ကသာ ဇွန် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ်တွင် မိုးသည်း ထန်စွာ ရွာသွန်းမှု ကြောင့် ဇွန်လ(၉)ရက်နေ့က ပင်လည်ဘူးမြို့နယ် မြေလင်းဒေသရှိ ခံစားချောင်းရေ လျှံမှုဖြစ်ပွားခဲ့ပြီး လူ(၂)ဦး သေဆုံးကာ ပျက်စီးမှု အချို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။



အဆိုပါ မြေလင်းဒေသရှိ ချောင်းရေလျှံပြီး ရေကြီးမှု ဖြစ်စဉ်ကြောင့် လူနေအိမ်(၁) အိမ်၊ ဈေးဆိုင်ခန်းများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲ မုဒ်ဦးနှင့် ကျေးရွာ အထကကျောင်း အုတ်နံရံ ပြိုကျခြင်း များဖြစ်ပွားခဲ့ပြီး လူ(၂)ဦးသေဆုံးခဲ့ကြောင်း ကနဦး သတင်းရရှိသည်။

(တိုင်းဒေသကြီးပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ် မြေလင်းဒေသတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် လူ(၂)ဦးသေဆုံး အဆောက်အဦအချို့ပျက်စီး  ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ် မြေလင်းဒေသတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် လူ(၂)ဦးသေဆုံး အဆောက်အဦအချို့ပျက်စီး Reviewed by THITHTOOLWIN on 16:33 Rating: 5
Powered by Blogger.