ရေမြောင်းပိတ်ဆို့သည့်ကိစ္စနှင့် ဓားထိုးမှုကျူးလွန်သူ ဖမ်းမိ


ရေမြောင်းပိတ်ဆို့သည့်ကိစ္စအား ကွင်းဆင်းဆောင်ရွက်သူများနှင့်တွေ့ဆုံနေစဉ် ဓားထိုးခံရသည့်အမှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ

ရန်ကုန်၊ ဇွန် ၂၅

၂၅.၆.၂၀၁၆ ရက်နေ့ ၀၈၄၅ အချိန် စမ်းချောင်းမြို့နယ်နေ ဒေါ်-----သည် ခင်ပွန်းဖြစ်သူ ဦးထွေးမြင့်နှင့်အတူ စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက်ရပ်ကွက်၊ စစ်ကိုင်းလမ်းထိပ်၌ ရေမြောင်းပိတ်ဆို့သည့် ကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် ကွင်းဆင်းညှိနှိုင်းမှုအားတွေ့ဆုံနေစဉ် ယခင်က ရေမြောင်းဖော်သည့်ကိစ္စနှင့်ပတ်သက်ပြီး စကားများခဲ့ဖူးသူ စမ်းချောင်းမြို့နယ်နေ သီဟ(ခ)သန့်ဇင်(ခ)သန့်ဇော်ရောက်ရှိလာပြီး ခင်ပွန်းဖြစ်သူအား အသင့်ယူဆောင်လာသည့် မီးဖိုချောင်သုံးစတီးဓားဖြင့်ထိုးခဲ့ရာ ခင်ပွန်းဖြစ်သူ၌ လည်ဂုတ်ထိုးသွင်း ဒဏ်ရာရရှိပြီး လမ်းမပေါ်သို့မှောက်လျက်လဲကျသွားကာ မေးစေ့၌ပေါက်ပြဲဒဏ်ရာနှင့် ယာဘက်ညှပ်ရိုးဖူးရောင်ဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရသဖြင့် ခင်ပွန်းဖြစ်သူအား ဒဏ်ရာရရှိအောင်ပြုလုပ်သူ သီဟ(ခ)သန့်ဇင်(ခ)သန့်ဇော်အား အရေးယူပေးရန်တိုင်တန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ စမ်းချောင်းမြို့မရဲစခန်း(ပ)၂၁၀/၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူ သီဟ(ခ)သန့်ဇင်(ခ)သန့်ဇော်၊ (၂၃)နှစ်အား ဖမ်းဆီးရမိရေးအတွက် စမ်းချောင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ရာ ၁၇၂၀ အချိန်တွင် ၎င်းအား စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဇလွန်လမ်းနှင့် လင်းလွန်းလမ်းထောင့်မှ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ရေမြောင်းပိတ်ဆို့သည့်ကိစ္စနှင့် ဓားထိုးမှုကျူးလွန်သူ ဖမ်းမိ  ရေမြောင်းပိတ်ဆို့သည့်ကိစ္စနှင့် ဓားထိုးမှုကျူးလွန်သူ ဖမ်းမိ Reviewed by THITHTOOLWIN on 17:40 Rating: 5
Powered by Blogger.