ပါကစ္စတန်မှာ မိဘသဘောမတူတဲ့ လူနဲ့လက်ထပ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ကိုယ်ဝန်ဆောင်မိခင်ဘ၀မှာ လည်လှီးသတ်ခဲ့


ပါကစ္စတန်နိုင်ငံ Gujranwala မြို့မှာ မိဘတွေ သဘောတူကြည်ဖြူခြင်းမရှိတဲ့ အမျိုးသားတစ်ဦးနဲ့ လက်ထပ်ခဲ့ပြီးနောက် ကိုယ်ဝန်(၇)လရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ဦးကို မိသားစုဝင်တွေက လည်ပင်းကို လှီးဖြတ်ပြီး သတ်ခဲ့တယ်လို့ ibt သတင်းမှာဖော်ပြထားပါတယ်။

 ကြာသပတေးနေ့က ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စနေနေ့မှာတော့ သမီးဖြစ်သူရဲ့ လည်ပင်းကို လှီးဖြတ်ခဲ့သူတွေထဲက မိခင်ဖြစ်သူကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

 ပြီးခဲ့တဲ့ (၂၀၁၃)ခုနှစ်က မိဘတွေရဲ့ သဘောထားကို ဆန့်ကျင်ပြီး Taufiq Ahmed နဲ့ လက်ထပ်ခဲ့တဲ့ Muqaddas Bibi ဟာ လက်ထပ်ခဲ့ပြီးနောက် မိဘတွေက စကားပြောဆိုခြင်း မပြုကြတော့သလို အဆက်အသွယ်လဲ ဖြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။

 အဲ့ဒီနောက်ပိုင်းမှာတော့ ဘီဘီရဲ့ မိဘတွေဟာ သူ့ကို သတ်ဖို့ စီစဉ်ခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

 အဲ့ဒါကြောင့် ဆေးခန်းပြနေတဲ့ ဘီဘီကို မိခင်ဖြစ်သူနဲ့ အကိုတို့က အိမ်ပြန်ခေါ်ခဲ့ပြီးနောက် သူ့လည်ပင်းကို ဓားနဲ့ လှီးဖြတ်ခဲ့တယ်လို့ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

 ဒီလို သမီးဖြစ်သူနဲ့ မိသားစုကြား အခြေအတင်ဖြစ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အိမ်နီးနားချင်းတွေကလည်း ၀င်ရောက် ဖြန်ဖြေခြင်း မရှိခဲ့ကြဘူးလို့ ဒေသခံမီဒီယာမှာဖော်ပြထားပါတယ်။

 ကိုယ်ဝန်(၇)လလွယ်ထားရတဲ့ ဘီဘီမှာ သမီးတစ်ဦးရှိတယ်လို့လည်း သိရပါတယ်။ အခင်းဖြစ်ပွားပြီးနောက် ဘီဘီရဲ့ မိသားစုတွေက နေအိမ်ကနေ ထွက်ပြေးခဲ့ကြပြီး စနေနေ့မှာတော့ မိခင်ဖြစ်သူကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

 ပါကစ္စတန်နိုင်ငံမှာ အခုရက်သတ္တပတ်အနည်းငယ်အတွင်း ဂုဏ်ယူစွာ သတ်ဖြတ်မှုတွေ အများအပြားဖြစ်ပွားနေပြီး လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အာဏာပိုင်တွေကတော့ ဒီအရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လျက်ရှိနေကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

5 Plus News
https://www.facebook.com/5plusnews
ပါကစ္စတန်မှာ မိဘသဘောမတူတဲ့ လူနဲ့လက်ထပ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ကိုယ်ဝန်ဆောင်မိခင်ဘ၀မှာ လည်လှီးသတ်ခဲ့  ပါကစ္စတန်မှာ မိဘသဘောမတူတဲ့ လူနဲ့လက်ထပ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ကိုယ်ဝန်ဆောင်မိခင်ဘ၀မှာ လည်လှီးသတ်ခဲ့ Reviewed by THITHTOOLWIN on 18:28 Rating: 5
Powered by Blogger.