ရန်ကုန် တက္ကသိုလ် ၌ ဘာ သာ ရပ် တစ် ခု ချင်း စီ အ တွက် ကျောင်းသား ၅ဝ ဦး လက် ခံမည်


ရန်ကုန် တက္ကသိုလ်၌ ယခုစာသင်နှစ်တွင် ဘာသာရပ်တစ်ခုအတွက် ကျောင်းသား ဦးရေပျမ်းမျှ ၅ဝ အထိ လက်ခံ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်းက ပြောသည်။

လတ်တလောတွင် ဘာသာရပ်များအား အမှတ်ဝင်ခွင့် သတ်မှတ်ရန် ဆွေးနွေးမှုများပြုလုပ် လျက်ရှိပြီး ယမန်နှစ်က ဘာသာရပ် တစ်ခုတွင် ကျောင်းသားဦးရေ ၅ဝအောက်လျော့နည်းသော ဘာသာရပ်များ ရှိသကဲ့သို့ အချို့ဘာသာ ရပ်များတွင် ကျောင်းသားဦးရေ ၅ဝ ကျော်ခဲ့ကြောင်း သိရသည်။

''ကျောင်းသားဦးရေကတော့ တချို့ဘာသာရပ်က ၅ဝ မပြည့်တာတွေရှိပါတယ်။ တချို့ကျတော့လည်း ကျော်နေတာ တွေရှိပါတယ်။ ပျမ်းမျှကတော့ ၅ဝ ပဲ လက်ခံမှာဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။

လတ်တလောတွင် ရန်ကုန်တက္ကသိုလ်၌ ဘာသာရပ်ပေါင်း ၂၁ခု လက်ခံသင်ကြား ပေးလျက်ရှိပြီး ထပ်မံ၍ ဘာသာရပ် နှစ်ခု တိုးချဲ့သင်ကြားပေးရန် စီစဉ်လျက်ရှိကြောင်း၊ ယင်းထပ်မံ တိုးချဲ့သင်ကြားပေးမည့် ဘာသာရပ်နှစ်ခုမှာ Bio Chemistry နှင့် Bio Technology ဘာသာရပ် တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘာသာရပ် နှစ်ခုအား ယခုစာ သင်နှစ်တွင် တိုးချဲ့သင်ကြားပေးရန် အဆင်သင့်ဖြစ်နေပြီး အတည်ပြု ဆုံးဖြတ် ရန် ညှိနှိုင်းမှုများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

နေနေ
မြ၀တီ
https://www.facebook.com/mwdmedia
ရန်ကုန် တက္ကသိုလ် ၌ ဘာ သာ ရပ် တစ် ခု ချင်း စီ အ တွက် ကျောင်းသား ၅ဝ ဦး လက် ခံမည်  ရန်ကုန် တက္ကသိုလ် ၌ ဘာ သာ ရပ် တစ် ခု ချင်း စီ အ တွက် ကျောင်းသား ၅ဝ ဦး လက် ခံမည် Reviewed by THITHTOOLWIN on 10:24 Rating: 5
Powered by Blogger.