ကျောက်မဲမြို့တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား


ကျောက်မဲ ဇွန် ၁၉

ရှမ်းပြည်(မြောက်ပိုင်း) ကျောက်မဲ- မိုင်းငေါ့သွားကားလမ်းမကြီးဘေးတွင် ဇွန် ၁၈ ရက် ည၁ဝ နာရီခွဲခန့်က မိုင်းပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွား ခဲ့ကြောင်း ကျောက်မဲမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုင်းပေါက်ကွဲမှု သတင်းအရ ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှူးဦးစီးသော ရဲတပ်ဖွဲ့ဝင်များနှင့် စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ တပ်ခွဲ(၂)မှ တာဝန်ရှိသူများပူးပေါင်းကာ အခင်း ဖြစ်ပွားရာ နေရာသို့ သွားရောက်စစ် ဆေးခဲ့ရာ ကျောက်မဲမြို့ အမှတ် (၇)ရပ်ကွက် နယ်မြေ(၁) ကျောက်မဲ-မိုင်းငေါ့သွားကားလမ်းဘေး ကြက်ဆူ ပင်အောက်တွင် PVC ပိုက်ဖြင့် ပြုလုပ်ထားသော ဒေသန္တရလက်လုပ် ချိန်ကိုက် မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနီးဝန်းကျင်၌ ဝါယာကြိုးစ၊ PVC ပိုက်အပိုင်း အစတစ်ခု၊ ဘောစေ့တစ်စေ့၊ ဓာတ်ခဲအပိုင်းအစ တစ်ခုတို့ကို တွေ့ရှိ ခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ/ တိရစ္ဆာန်ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း ၄င်းကဆက်လက်ပြောပြသည်။

''ည ၁ဝ နာရီခွဲလောက်မှာပေါက် ကွဲသံကြီးကြားလိုက်ရတယ်။ လူတွေလည်း အတော်လန့်သွားကြတယ်။ ပေါက်ကွဲတဲ့နေရာက မြို့ထဲနဲ့အဝေး ကြီးမဟုတ်ဘူး။ တစ်ဆက်တည်းပါ။စစ်တပ်တွေရှိတဲ့ဘက်ပဲ။ အခုမြို့ထဲ မှာတော့ လုံခြုံရေးတင်းကျပ်ထားတယ်''ဟု ကျောက်မဲမြို့နေ မြို့မိမြို့ဖ တစ်ဦး က ပြောပြသည်။

အဖျက်အမှောင့် လုပ်ငန်းများ ပြုလုပ်လိုသူများက ဇွန် ၁၅ ရက်နေ့မှ စ၍ သုံးရက်အတွင်း မိုင်းများဖောက် ခွဲသွားမည်ဟူသော သတင်းရရှိသည့် အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်း လုံခြုံရေး တိုးမြှင့် ထားကြောင်း နှင့် မိုင်းရှာဖွေရေးလုပ်ငန်းများကို လည်း ဆောင်ရွက်နေကြောင်း ရှမ်း ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ပြောသည်။

ဇာဏီအောင်(လားရှိုး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကျောက်မဲမြို့တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား  ကျောက်မဲမြို့တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား Reviewed by THITHTOOLWIN on 10:21 Rating: 5
Powered by Blogger.