ထိုင်းရောက် မြန်မာဒုက္ခသည်များပြန်ပို့ရေး ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန် ထိုင်းဝန်ကြီးချုပ် အဆိုပြု


ထိုင်းနိုင်ငံ “တက်ခ်” နယ်စပ်ဒေသရှိ စခန်းတခုမှ အိုးပစ်အိမ်ပစ်ထွက်ပြေးလာကြရသော ဒုက္ခသည်များကို မူရင်းဒေသသို့ ပြန်ပို့ရေးကိစ္စအတွက် ပူးပေါင်းအလုပ်သဘောအုပ်စုတဖွဲ့ ထူထောင်ရန် ထိုင်ဝန်ကြီးချုပ် ပရာယွက်ချန်အိုရာက အဆိုပြုတင်ပြခဲ့သည်။


ထိုင်းနိုင်ငံအတွင်းရှိ သန်းနှင့်ချီရှိသော မြန်မာအလုပ်သမားများကို ကောင်းမွန်စွာစောင့်ရှောက်၍ အကာအကွယ်ပေးရန် ဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်မည်ဖြစ်ကြောင်း အလည်အပတ်ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။


မြန်မာနိုင်ငံအနေနှင့် ယင်းဒုက္ခသည်များကို ပြန်လည်ခေါ်ယူရန် အဆင့်သင့်မဖြစ်သေးပါကလည်း အတင်းအကြပ် ပြန်ပို့မည်မဟုတ်ကြောင်း ပူးတွဲသတင်းစာရှင်းပွဲတွင် ပရာယွက်က ပြောကြားခဲ့သည်။


မြန်မာနိုင်ငံတွင် တိုက်ပွဲများနှင့် နိုင်ငံရေးပဋိပက္ခများကြောင့် ထိုင်းနိုင်ငံတွင်းသို့ တိမ်းရှောင်လာသူပေါင်း ၁၀၀၀၀၀ ကျော်ရှိပြီး ထိုင်းမြန်မာနယ်စပ် ပြည်နယ်လေးခုအတွင်းရှိ ဒုက္ခစခန်းကိုးခုတွင် ခိုလှုံနေကြရသည်။


ဒေါ်အောင်ဆန်းစုကြည်သည် ရာသီဥတုဆိုးဝါးမှုကြောင့် ရက်ချာဘူရီရှိ ဘန်ထန်ဟင်းဒုက္ခသည်စခန်းသို့ သွားရောက်မည့်အစီအစဉ် ဖျက်သိမ်းခဲ့ရသည်။

“မြန်မာအလုပ်သမားတွေကို ဂရုတစိုက် ကူညီပြီး အကာအကွယ်ပေးနေတဲ့အတွက် ကျွန်မအနေနဲ့ထိုင်းနိုင်ငံကို ကျေးဇူးတင်ပါတယ်၊ ကျွန်မတို့ ပြည်သူတွေအတွက် ထိုင်းနိုင်ငံက အလုပ်အကိုင်တွေ ဖန်တီးပေးနေပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

TWT
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ထိုင်းရောက် မြန်မာဒုက္ခသည်များပြန်ပို့ရေး ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန် ထိုင်းဝန်ကြီးချုပ် အဆိုပြု  ထိုင်းရောက် မြန်မာဒုက္ခသည်များပြန်ပို့ရေး ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန် ထိုင်းဝန်ကြီးချုပ် အဆိုပြု Reviewed by THITHTOOLWIN on 18:21 Rating: 5
Powered by Blogger.