စမွတ်စခုံ အုပ်ချုပ်ရေးမှူးအပါအ၀င် အရာရှိ ၂၃ ဦး ရွှေ့ပြောင်းခံရ


စမွတ်စခုံခရိုင် အုပ်ချုပ်ရေးမှူးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအ၀င် အရာရှိ ၂၂ ဦးအား နေရာပြောင်းရွှေ့ရန် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အမိန့်ထုတ်လိုက်ကြောင်း သိရသည်။ ပရာယွတ်ချန်အိုချာသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုအပြီး နာရီပိုင်းအတွင်း ယင်းအမိန့်ကို ထုတ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စမွတ်စခုံခရိုင်ရှိ မြန်မာတန်းဟု အများသိသော ထလေထိုင်း ငါးဈေး၌ ဇွန် ၂၃ ရက်က မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် တွေ့ဆုံခဲ့သည်။ ဒေသဆိုင်ရာ အာဏာပိုင်များ၏ နိုင်ထက်စီးနင်း ဆက်ဆံမှုများနှင့်ပတ်သက်၍ ရွှေ့ပြောင်းလုပ်သားများက ဒေါ်အောင်ဆန်းစုကြည်ထံ တိုင်ကြားခဲ့သည်ဟု ဆိုသည်။

စမွတ်စခုံခရိုင် အုပ်ချုပ်ရေးမှူး မန်ရတ်ရတ်နာဆုခုံအား ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ရုံးသို့လည်းကောင်း၊ စမွတ်စခုံ စက်မှုလုပ်ငန်း အရာရှိချုပ်အား စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ရုံးသို့လည်းကောင်း၊ စမွတ်စခုံ အလုပ်သမားရေးရာ အရာရှိချုပ်အား အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ရုံးသို့လည်းကောင်း အသီးသီး ပြောင်းရွှေ့လိုက်ရကြောင်း သိရသည်။

အဆိုပါပြောင်းရွှေ့မိန့်နှင့်အတူ ပြောင်းရွှေ့ခံရသူများအနေဖြင့် အကျင့်ပျက်လာဘ်စားမှုများတွင် ပါဝင်ပတ်သက်မှု ရှိ/မရှိ စုံစမ်းစစ်ဆေးရမည်ဆိုသော ညွှန်ကြားချက်လည်း ပါဝင်ကြောင်း သိရသည်။

ရည်ညွှန်း-The Nation
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
စမွတ်စခုံ အုပ်ချုပ်ရေးမှူးအပါအ၀င် အရာရှိ ၂၃ ဦး ရွှေ့ပြောင်းခံရ  စမွတ်စခုံ အုပ်ချုပ်ရေးမှူးအပါအ၀င် အရာရှိ ၂၃ ဦး ရွှေ့ပြောင်းခံရ Reviewed by THITHTOOLWIN on 18:17 Rating: 5
Powered by Blogger.