ပါကစ္စတန်တွင် သဘောမတူသူနှင့် ခိုးရာလိုက်ပြေးသည့် မိန်းခလေးကို မိခင်နှင့်အစ်ကိုက မီးရှို့သတ်


အစ္စလာမ်မာဘတ်၊ ဇွန်-၉

ပါကစ္စတန်မိန်းမငယ်တစ်ဦးကို မိသားစု၏ ဆန္ဒနှင့်ဆန့်ကျင်ပြီး အမျိုးသားတစ်ဦးကို လက်ထပ်လိုက်သည့်အတွက် မိခင်ဖြစ်သူနှင့် အစ်ကိုတို့က မီးရှို့သတ်ဖြတ်လိုက်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဇီးနတ် ရာဖစ် (၁၈နှစ်)မှာ ခိုးရာလိုက်ပြေးသွားခဲ့သော်လည်း စေ့စပ်၍ရလိမ့်မည်ဟူသော အထင်ဖြင့် လာဟိုးရှိ မိသားစုနေအိမ်သို့ ပြန်လာခဲ့သည်ဟု ပန်ဂျပ်ရဲအရာရှိ နဘီးလာ ဂါဇန်ဖာက ပြောကြားခဲ့သည်။


သို့ရာတွင် ရာဖစ်အိမ်သို့ ပြန်ရောက်လာသည်နှင့် မိခင်ဖြစ်သူနှင့် အစ်ကိုတို့က ခုတင်ပေါ်တွင် ကြိုးဖြင့်တုပ်နှောင်ကာ ဓာတ်ဆီလောင်းပြီး မီးရှို့လိုက်သောကြောင့် နေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု ဂါဇန်ဖာက ပြောကြားခဲ့သည်။

မိခင်ဖြစ်သူ ပါဗင်း ဘီဘီက အာဏာပိုင်များထံသို့ ကိုယ်တိုင်သွားရောက် အဖမ်းခံခဲ့သော်လည်း သူမ၏လုပ်ရပ်အတွက် ၀မ်းနည်းနောင်တရသည့်ပုံ စိုးစဉ်းမျှမရဟု ရဲက ပြောကြားခဲ့သည်။ သူမကို လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းထားသည်။

အစ်ကိုဖြစ်သူ အာမာ ရာဖစ်မှာမူ ထွက်ပြေးလွတ်မြောက်လျှက်ရှိသည်ဟု ရဲက ပြောကြားသည်။ ရာဖစ်၏ ခင်ပွန်းသည် ဟာဆန် ခန်းကိုမူ ဆက်သွယ်၍ မရခဲ့ပေ။


လွတ်လပ်သော လူအခွင့်အရေး ကော်မရှင်၏ ပြောကြားချက်အရ ပါကစ္စတန်နိုင်ငံတွင် လွန်ခဲ့သည့်နှစ်က ဆွေမျိုးများ၏ သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၁၁၀၀ သေဆုံးခဲ့ရသည်ဟု ဆိုသည်။

ထိုရာဇ၀တ်မှုများမှာ လူမျိုးစုဓလေ့ထုံးတမ်းများမှ မြစ်ဖျားခံလာပြီး မိသားစု (သို့မဟုတ်) ရွာကို ဂုဏ်အသရေညှိုးနွမ်းစေသည်ဟု ယူဆသည့် အပြုအမူအတွက် ပြစ်ဒဏ်ခတ်သည့်အနေဖြင့် သတ်ဖြတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

စီအင်အင်
AM
china.com Myanmar
https://www.facebook.com/china.com.mm
ပါကစ္စတန်တွင် သဘောမတူသူနှင့် ခိုးရာလိုက်ပြေးသည့် မိန်းခလေးကို မိခင်နှင့်အစ်ကိုက မီးရှို့သတ် ပါကစ္စတန်တွင် သဘောမတူသူနှင့် ခိုးရာလိုက်ပြေးသည့် မိန်းခလေးကို မိခင်နှင့်အစ်ကိုက မီးရှို့သတ် Reviewed by THITHTOOLWIN on 15:57 Rating: 5
Powered by Blogger.