သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ ကိုယ်ဝန်ရစေသည့် ဖခင်အရင်းအား အမှုဖွင့် တိုင်ကြား


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာတွင် အသက် ၆၀ ကျော် ဖခင်ရင်းဖြစ်သူသည် ၁၆ နှစ်အရွယ် သမီးဖြစ်သူအား အဓမ္မပြုကျင့်ပြီး ကိုယ်ဝန်ဆောင် မီးဖွားခဲ့ရသည့်အတွက် ဇီးကုန်းရွာရှိ ရဲစခန်းတွင် ဇွန်လ ၇ ရက်နေ့က သမီးဖြစ်သူ ကိုယ်တိုင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရှိရသည်။

"ဖခင်အရင်းက သမီးဖြစ်သူကို သားမယား ပြုကျင့်ခဲ့တာပါ။ မိခင်ကွယ်လွန်ပြီး ကလေးမလေး အသက် ၁၃ နှစ်၊ ၁၄ နှစ်အရွယ်လောက် အရောက်ကစပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။ သူက တောထဲက တဲမှာ သူ့ အဖေနဲ့ အတူနေတယ်၊ ဖခင်က ညအရက်မူးလာတိုင်း သမီးကိုရိုက်နှက်ပြီး သားမယားအဖြစ် ပြုကျင့်တယ်လို့ သိရတယ်" ဟု ဇီးကုန်းနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ကျော်ခိုင်က ပြောသည်။

ဖခင်ဖြစ်သူအား အမှုဖွင့်သည့် ဇွန်လ ၇ ရက်နေ့တွင် ဖမ်းဆီးကာ ကန့်ဘလူမြို့မရဲစခန်း အချုပ်တွင် ယမန်ယူပြီး ဖမ်းချုပ်ထားကြောင်း သိရသည်။

မိခင်ကွယ်လွန်ပြီးချိန် သမီးအသက် ၁၃ နှစ်အရွယ်မှပင် ဖခင်ဖြစ်သူသည် အရက်မူးလာတိုင်း ရိုက်နှက်ပြီး သားမယားအဖြစ် အဓမ္မပြုကျင့်လေ့ရှိပြီး အသက် ၁၅ နှစ် အရွယ်တွင် သားမယားအဖြစ် ပြုကျင့်သဖြင့် ကိုယ်ဝန်ရှိလာခဲ့ကြောင်း ရဲစခန်း မှတ်တမ်းများထံမှ သိရသည်။

ကိုယ်ဝန်လွယ်ထားစဉ်ကလည်း သားမယားအဖြစ် အဓမ္မပြုကျင့်သဖြင့် ကန့်ဘလူမြို့နယ်၊ နတ်ပေးရွာရှိ ဦးလေးဖြစ်သူ နေအိမ်တွင် သွားရောက် မီးဖွားခဲ့ရကြောင်း သိရသည်။

မီးဖွားပြီး ၂၂vရက်အကြာ ဖခင်ဖြစ်သူမှ ပြန်လိုက်ရန် လာရောက်ခေါ်ဆောင်သည့်အခါ သမီးဖြစ်သူမှ ငိုယိုပြီး ဦးလေးဖြစ်သူအား ဖခင်၏ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည်ဟု တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ယင်းအမှုနှင့် ပတ်သတ်၍ ဖခင်ဖြစ်သူ ဦး------(၆၁)နှစ်အား အရေးယူပေးရန်၂၀၁၆၊ ဇွန်လ ၇ ရက်နေ့တွင် သမီးဖြစ်သူမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ကန့်ဘလူမြို့ နယ်၊ ဇီးကုန်းနယ်မြေ ရဲစခန်းအမှုကြီး အမှတ်စဉ် ၃/၂၀၁၆၊ (ပ)၅၂/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်ထားကြောင်း သိရသည်။

MMK
The Ladies News
https://www.facebook.com/News.TheLadies/
သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ ကိုယ်ဝန်ရစေသည့် ဖခင်အရင်းအား အမှုဖွင့် တိုင်ကြား  သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ ကိုယ်ဝန်ရစေသည့် ဖခင်အရင်းအား အမှုဖွင့် တိုင်ကြား Reviewed by THITHTOOLWIN on 15:57 Rating: 5
Powered by Blogger.