မြိတ် စပါးရွှေဝါလမ်းတွင် လုယက်မှု့ကျူးလွန်ပြီး ယာဉ်တိုက်မှုဖြစ်ပွား


ဇွန်လ(၂၃)ရက် မွန်းတည့်(၁၂)နာရီခန့်က အ.ထ.က(၁)ကျောင်းတွင် ထမင်းချိုင့်လာပို့သည့် အမျိုးသမီးတစ်ဦးထံမှ အမည်မသိ ဆိုင်ကယ်စီးလာသူ အမျိုးသားနှစ်ဦးမှ လက်ကိုင်အိတ် လုယူထွက်ပြေး သွားခဲ့တယ်လို့သိရသည်။

ထိုသို့မောင်းနှင်ထွက်ပြေးစဉ် လုယူခံရသူအမျိုးသမီးမှ နောက်မှလိုက်ပြီး ပစ္စည်းပြန်ရရန်ကြိုးစားနေချိန် ကောလိပ်လမ်း သံဃာ့ဆေးရုံရှေ့အရောက်တွင် လုယူသည့်ဆိုင်ကယ်မှ တခြားဆိုင်ကယ် တစ်စီးအား ဝင်တိုက်မိသဖြင့် တိမ်းမှောက်သွားတယ်လို့ဆိုပါတယ်။


လုယက်မှုကျူးလွန်သူနှစ်ဦးမှာ လက်ကိုင်အိတ်အတွင်း ပါရှိသည့် ငွေသား တစ်သိန်းကျော်အား ယူပြီး လက်ကိုင်အိတ်အတွင်း ကျန်သည့် ဖုန်းတစ်လုံးအား လွှင့်ပစ်ပြီး ထွက်ပြေးတိမ်းရှောင်နေသဖြင့် သက်ဆိုင်ရာမှ စုံစမ်းလျှက်ရှိကြောင်း သိရသည်။

Myat Htut (Myeik)
မြိတ် စပါးရွှေဝါလမ်းတွင် လုယက်မှု့ကျူးလွန်ပြီး ယာဉ်တိုက်မှုဖြစ်ပွား  မြိတ် စပါးရွှေဝါလမ်းတွင် လုယက်မှု့ကျူးလွန်ပြီး ယာဉ်တိုက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:27 Rating: 5
Powered by Blogger.