ဂက်(စ်)အိုးပေါက်ကွဲမှုဖြစ်ပွားကာ လူတစ်ဦး ၀မ်းဗိုက်ပွင့်ထွက် ဒဏ်ရာ ရ


 တောင်တွင်းကြီးမြို့၌ ဂက်(စ်)အိုးပေါက်ကွဲမှုဖြစ်ပွားကာ လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

တောင်တွင်းကြီး ဇွန် (၂၂)

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် ဂက်(စ်)အိုး ရုတ်တရက်ပေါက်ကွဲမှုကြောင့် လူတစ်ဦး ထိခိုက် ဒဏ်ရာ ရရှိမှုတစ်ခု ယနေ့ ဇွန်လ (၂၂)ရက် နံနက်(၈)နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည် ။


ဖြစ်စဉ်မှာ ပျဉ်းမနားမြို့၊ စိန်ပန်းရပ် ( ယခု မောင်းတိုင် ၂ ရပ်ကွက်၊ တောင်တွင်းကြီးမြို့တွင် ခေတ္တနေထိုင်သူ ) (ဘ) ဦးထွန်းမောင် (မိ) ဒေါ်ချောတင် တို့၏သား (သ) ၄၁ နှစ်ရှိ ကိုငြိမ်းဇော် သည် တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၁)ရပ်ကွက်၊ ရေစက်လမ်း၊ အိမ်အမှတ်(၁၀၁)နေ ဦးတင်အုန်း၏ နေအိမ်ရှေ့သို့ ရောက်ရှိစဉ် ဂက်(စ်)အိုးအတွင်းသို့ ရေထည့်ရန် ရေတစ်ခွက်အား ဦးတင်အုန်းနေအိမ်အတွင်းမှ တောင်းခံ ခပ်ယူပြီး ခေတ္တအကြာတွင် အဆိုပါ မိုးပျံပူပေါင်းရောင်းချရာတွင် အသုံးပြုသည့် ဂက်(စ်)အိုးမှာ ရုတ်တရက် ပေါက်ကွဲမှုဖြစ်ပွားကာ ဂက်(စ်)အိုးသယ်ဆောင်လာသူ ကိုငြိမ်းဇော်၏ ၀မ်းဗိုက်ပွင့်ထွက် ဒဏ်ရာ ရရှိခဲ့ပြီး တောင်တွင်းကြီးပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှုခံယူလျှက်ရှိကြောင်း သိရသည် ။


ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အခြေအနေများအား သက်ဆိုင်ရာဌာနများမှ စုံစမ်းစစ်ဆေးလျှက်ပြီး ဂက်(စ်)အိုးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အခြား လူနှင့်တိရစ္ဆာန်များထိခိုက်ဒဏ်ရာရှိမှု မရှိခဲ့ကြောင်း ကနဦး သတင်းရရှိသည် ။

ဗိုလ်ပြည့် ( တောင်တွင်းကြီး )
https://www.facebook.com/bopyae.taungdwingyi
ဂက်(စ်)အိုးပေါက်ကွဲမှုဖြစ်ပွားကာ လူတစ်ဦး ၀မ်းဗိုက်ပွင့်ထွက် ဒဏ်ရာ ရ ဂက်(စ်)အိုးပေါက်ကွဲမှုဖြစ်ပွားကာ လူတစ်ဦး ၀မ်းဗိုက်ပွင့်ထွက် ဒဏ်ရာ ရ Reviewed by THITHTOOLWIN on 17:40 Rating: 5
Powered by Blogger.