မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကို ၀င်ရောက်စွတ်ဖက်မည် မဟုတ်ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ် ပြောကြား


ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသည့်အခါ ဘင်္ဂါလီ ကိစ္စရပ်အား ထည့်သွင်း ဆွေးနွေးမည် မဟုတ်ဘဲ ထိုကိစ္စရပ်မှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသားဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဘင်္ဂါလီကိစ္စရပ်မှာ အထိခိုက်မခံသော မြန်မာ့ပြည်တွင်းရေး ဖြစ်သဖြင့် ထိုင်းအစိုးရက ကြားဝင် စွက်ဖက်မည် မဟုတ်ဟု ၀န်ကြီးချုပ်က မီဒီယာများအား အစိုးရအိမ်တော်၌ အင်္ဂါနေ့တွင် ပြောကြားခြင်းဖြစ်သည်။

ဝန်ကြီးချုပ် ပရာယွတ်က “တကယ်လို့ သူ (ဒေါ်အောင်ဆန်းစုကြည်) က ဒီကိစ္စအကြောင်း ပြောလာရင်တော့ ကျွန်တော် နားထောင်ပေးပါမယ်။ မြန်မာအစိုးရက ကျွန်တော်တို့ဆီကို လာလည်တဲ့ ဧည့်သည်ဖြစ်ပြီး ဒီကိစ္စကို ဆွေးနွေးဖြစ်မယ်ဆိုရင် သူတို့က စပြောတာမျိုးပဲ ဖြစ်မှာပါ။ ကျွန်တော်က နားထောင်ပေးပြီး ကူညီနိုင်တာကို ကူညီပေးမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိုတော့ စွက်ဖက်မှာ မဟုတ်ပါဘူး” ဟု ပြောကြားသည်။

ကြာသပတေးနေ့တွင် စတင်မည့် ဒေါ်အောင်ဆန်းစုကြည်၏ သုံးရက်ကြာ ထိုင်းနိုင်ငံခရီးစဉ်တွင် ၀န်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးသည့်အခါ ဘင်္ဂါလီကိစ္စရပ်အား ထည့်သွင်း ဆွေးနွေးခြင်း ပြုမပြု မီဒီယာများက မေးမြန်းခဲ့သဖြင့် ၀န်ကြီးချုပ်က ဖြေကြားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာ ဒုက္ခသည်များ၊ ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်၍ မီဒီယာများက မေးမြန်းသည့်အခါ ထိုမြန်မာနိုင်ငံသားများအား ထိုင်းအစိုးရ စောင့်ရှောက်မည်ဟု မြန်မာအစိုးရထံ ကတိပေးထားကြောင်း ၀န်ကြီးချုပ်က ဖြေကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် ဆာမွတ်ဆာခွန်တွင် တွေ့ဆုံပြီးနောက် သောကြာနေ့တွင် ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် တွေ့ဆုံမည်ဖြစ်သည်။

KHTun
The Ladies News
https://www.facebook.com/News.TheLadies/
မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကို ၀င်ရောက်စွတ်ဖက်မည် မဟုတ်ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ် ပြောကြား  မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကို ၀င်ရောက်စွတ်ဖက်မည် မဟုတ်ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ် ပြောကြား Reviewed by THITHTOOLWIN on 22:02 Rating: 5
Powered by Blogger.