မန္တလေးမြို့တွင် ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ယာဉ် ၃၆-စီးအား စစ်ဆေးမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် လာရောက်ကြည့်ရှု


မန္တလေးမြို့တွင် ဖမ်းဆည်းရမိသည့် လိုင်စင်မဲ့ ယာဉ် ၃၆-စီးအနက် ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရုံး ၀င်းအတွင်းရှိ လိုင်စင်မဲ့ယာဉ် ၂၇-စီးအား ရဲတပ်ဖွဲ့မှ စစ်ဆေးမှတ်တမ်းတင်ရာသို့ ဇွန် ၂၁-ရက်နေ့ ၃-နာရီ ခန့်က တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုသည်။

ဖမ်းဆီးရမိသည့် လိုင်စင်မဲ့မော်တော်ယာဉ် ၃၆-စီးနှင့် ဆက်နွယ်ပတ်သက်သည့် မြ၀တီတွင် နေထိုင်သူ
နှစ်ဦးအား ဖမ်းဆီးရမိရေးကို ရဲတပ်ဖွဲ့မှ ပူးပေါင်းဆောင်ရွက်နေပြီး ပို့ကုန်/သွင်းကုန် ဥပဒေ ပုဒ်မ-၈ ဖြင့်အမှု ဖွင့်ထားကြောင်း သိရသည်။


အမှုနှင့် ပတ်သက်သူများကို ကိုနိုင်(ခ)အောင်နိုင်ဦး၊ကိုရဲမင်းထက်၊ ဦးကိုကိုကြီးနှင့် ဒေါ်အေးအေးဝင်း(၄)ဦး အား အမှတ်၁၁-ရဲစခန်းမှ(ပ)၂၉၁/၂၀၁၆ ၊ပို့ကုန်/သွင်းကုန် ပုဒ်မ ၈-အရအမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းများအရသိရသည်။

ခိုက်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မန္တလေးမြို့တွင် ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ယာဉ် ၃၆-စီးအား စစ်ဆေးမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် လာရောက်ကြည့်ရှု   မန္တလေးမြို့တွင် ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ယာဉ် ၃၆-စီးအား စစ်ဆေးမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် လာရောက်ကြည့်ရှု Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.