ကမ္ဘာကျော် ဘောလုံးသမား မက်ဆီ တရားရုံးရောက်

မက်ဆီရဲ့ ရုပ်ပုံ အသုံးပြုခ ဝင်ငွေတွေကို အခွန် မဆောင်ဘူးလို့ စွပ်စွဲခံနေရ
အာဂျင် တီးနား ဘောလုံး အသင်းနဲ့ ဘာစီလိုးနား အသင်း ကစားသမား လီယွန်နယ် မက်ဆီ ဟာ အခွန်ရှောင်မှု စွပ်စွဲချက် တွေနဲ့ ပတ်သက်ပြီး စပိန် တရားရုံး တခုမှာ လာရောက် ထွက်ဆိုဖို့ ရှိနေ ပါတယ်။

ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား ဆုကို ငါးကြိမ် ရခဲ့ဘူးတဲ့ မက်ဆီဟာ ဘာစီလိုးနား တရားရုံးကို အမဲရောင် ဝတ်စုံနဲ့ ရောက်ရှိ လာပါတယ်။

သူ့ဖခင် ဂျော့်ခ်ျက အစိုးရကို ဒေါ်လာ လေးသန်းခွဲ အခွန် မဆောင်ဘဲ တိမ်းရှောင် ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆို ထားပါတယ်။

အာဏာပိုင်တွေ ဖက်ကတော့ မက်ဆီရဲ့ ရုပ်ပုံတွေကို အသုံးပြုခ ရတဲ့ ငွေတွေကို အခွန် မဆောင်ရအောင် ဘလိဇ် နဲ့ ယူရူဂွေး တို့မှာ ထားရှိ ခဲ့တယ်လို့ စွပ်စွဲထား ပါတယ်။

ဒီအတွက် မက်ဆီတို့ သားအဖကို ဒဏ်ငွေ အများအပြား နဲ့ထောင်ဒဏ်တွေ အပြစ်ပေးဖို့ စပိန် အခွန်ဌာနက တောင်းဆို ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကမ္ဘာကျော် ဘောလုံးသမား မက်ဆီ တရားရုံးရောက်  ကမ္ဘာကျော် ဘောလုံးသမား မက်ဆီ တရားရုံးရောက် Reviewed by THITHTOOLWIN on 21:21 Rating: 5
Powered by Blogger.