အီတလီကျောင်းသူကို ရည်းစားဟောင်းက အရှင်လတ်လတ် မီးရှို့


လမ်းခွဲခံရသည့် အမျိုးသားက တက္ကသိုလ်ကျောင်းသူကို အရှင်လတ်လတ် မီးရှို့ ခဲ့မှု အီတလီနိုင်ငံ ရောမမြို့တွင် ဖြစ်ပွားခဲ့ ကြောင်း မေလ ၃၁ ရက် သတင်းများတွင် ဖော်ပြထားသည်။ မိမိကြုံတွေ့ခဲ့ဖူးသမျှ အမှုများတွင် ယခုအမှုသည် အရက်စက် အကြမ်းကြုတ်ဆုံး အမှုဖြစ်သည်ဟု စုံစမ်း စစ်ဆေးရေးမှူးတစ်ဦးက ဆိုသည်။

အသက် ၂၇ နှစ်အရွယ် ဗင်စီဇိုပဒူ နိုက အသက် ၂၂ နှစ် အရွယ် တက္ကသိုလ် ကျောင်းသူ ဆာရာဒီပီထရန်တိုနီယို၏ကားကို မီးရှို့လိုက်သဖြင့် ကျောင်းသူသည် သေဆုံးသွားတော့သည်ဟု အစိုးရရှေ့နေမာရီ ယာ မန်တလီနီက သတင်းထောက်များကို ပြောသွားခဲ့သည်။


ကားထဲမှ ပြေးထွက်လာသည့် ထိုမိန်းကလေးကို ရည်းစား ဟောင်းက နောက်မှ လိုက်ခဲ့ကြောင်း၊ ထို့ နောက် မိန်းကလေးကို မီးရှို့လိုက်ပြန် ကြောင်း အာဏာပိုင်အဖွဲ့က ဆိုသည်။ ၎င်းက မိန်းကလေးကို အရက်ဖြင့်လောင်းချလိုက်ပြီး မိန်းကလေးမျက်နှာကို မီးခြစ် ဖြင့်ခြစ်လိုက်တော့သည်ဟု စုံစမ်းစစ်ဆေး ရေးမှူးများက ဆိုသည်။

 ရည်ရွယ်ချက်ရှိရှိ လူသတ်မှုဖြင့် ပဒူနိုကို ဖမ်းဆီးထားသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ အထားခံခဲ့ရသည်ကို လက်မခံနိုင်သည့်အတွက် ပဒူနိုက မိန်းကလေးကိုသတ်ရန် အကွက်ကျကျ စီစဉ်တော့သည်ဟု အစိုးရရှေ့နေက ပြောပြသည်။

‪‎ချယ်ရီ‬(TOI, 1.6.16)
Pyi Myanmar
https://www.facebook.com/pyimyanmarnews/

အီတလီကျောင်းသူကို ရည်းစားဟောင်းက အရှင်လတ်လတ် မီးရှို့  အီတလီကျောင်းသူကို ရည်းစားဟောင်းက အရှင်လတ်လတ် မီးရှို့ Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.