ဆီဘောက်ဆာကား ကန့်လန့်ခံနေ၍ ဂုတ်တွင်းတွင် ကားပိတ်နေ


ကျောက်မဲ ၊ ဇွန် ၉ ။

ယနေ့ (ဇွန်၉ )ညနေ ၃ နာရီခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး- မူဆယ်လမ်းပေါ်ရှိ ၊ ဂုတ်တွင်းလမ်း နောင်ချိုဘက်ခြမ်း ကုလားမကွေ့ မိုင်တိုင် ၈၃/၃နှင့်၎ အကြားတွင် နောင်ချိုဘက်မှကျောက်မဲဘက်သို့မောင်းနှင်လာသော ဆီဘောက်ဆာကား တစ်စင်း ကန်ကလန့်ခန့်နေ၍ ယခုအချိန်ထိ ( ညနေ ၅း၂၅) ယာဉ်ကြောပိတ်ဆို့နေကြောင်း၊ ယာဉ်ကြောပိတ်ဆို့သည့်နေရာတွင်ရောက်ရှိကူညီပေးနေသည့် ကျောက်မဲမြို့ အမှတ် ၁၂၀ ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးမှတာဝန်ကျရဲဝန်ထမ်းတစ်ဦးကယနေ့ညနေပိုင်းတွင် AHN သို့ပြောသည်။


”ဂုတ်တွင်းလမ်းအဆင်းမှာဆီဘောက်ဆာကားကဆင်းတဲ့အချိန်ကန့်လန့်ခံသွားပြီးလမ်းပိတ်သွားတာပါ ။ အတက်အဆင်းကားတွေကိုခေတ္တထိန်းထားပေးပြီးလမ်းပွင့် မှသွားကြဖို့ဆောင်ရွက်ပေးနေပါတယ်။ လောလောဆယ်ဆီဘောက်ဆာကားထဲကဆီတွေကိုအခြားကားတစ်စီးနဲ့ပြန်ပြောင်းနေပါတယ်။ နောက်ထပ်တစ်နာရီ ( ညနေ ၅း ၄၀ ) လောက်ဆိုလမ်းပွင့်မယ်လို့ခန့်မှန်းထားပါတယ် " ဟု၎င်းကပြောသည်။

မင်္ဂလာထွန်း ( AHN - KME )

PHOTO -Ngwe Taung။
PHOTO - Bro Win Lwin Ynwa
The Asia Heart News
ဆီဘောက်ဆာကား ကန့်လန့်ခံနေ၍ ဂုတ်တွင်းတွင် ကားပိတ်နေ  ဆီဘောက်ဆာကား ကန့်လန့်ခံနေ၍ ဂုတ်တွင်းတွင် ကားပိတ်နေ Reviewed by THITHTOOLWIN on 18:39 Rating: 5
Powered by Blogger.