သာဝတ္ထိနယ်မြေ ရဲစခန်းပိုင် အတွင်း ၂၀၁၆ခုနှစ်တွင် ဒုတိယအကြိမ် လူသတ်မှု ဖြစ်ပွား "


19.6.2016

၂၀၁၆ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ ည ၁၁.၁၀အချိန် နေပြည်တော်ဒေသ လယ်ဝေးမြို့နယ် ၊ သာဝတ္ထိနယ်မြေ ရဲစခန်းအပိုင် ဇလီကျေးရွာအုပ်စု ၊ ရွာသစ်ကုန်းကျေးရွာ အရှေ့ဘက် ၁ မိုင်ခန့်ရှိ ဒိုးနွယ်မြှောင် တဲတိုက်တွင် နေထိုင်သော ဦးပြုံးချို (၅၇)နှစ် ၊ (ဘ) ဦးလှမှာ ဓားခုတ်ခံရ၍ သေဆုံးနေကြောင်း သတင်းအရ အကိုဖြစ်သူ ဦးခင်မောင်စိုးမှ သွားရောက်စစ်ဆေးရာ ညီဖြစ်သူမှာ ညာနား နောက်ပြတ်ရှဒဏ်ရာ ၂ချက် ညာမျက်နှာ ပြတ်ရှဒဏ်ရာ၁ ချက်တို့ ဖြင့် သေဆုံးနေသဖြင့် ညီဖြစ်သူအား သေဆုံးသည်အထိ ဓားဖြင့်ခုတ်သူ အား ဥပဒေအရ အရေးယူပေးပါရန် တိုင်တန်းထားပါသည် ။

သာဝတ္ထိနယ်မြေရဲစခန်းမှ သတင်းရလျှင်ရချင်း စခန်းမှုးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ အောင်နန်းချို ရဲကင်းမှ တပ်ဖွဲ့ဝင်များ ကြာကန်စစ်ဆေးရေးဂိတ်မှ တပ်ဖွဲ့ဝင်များမှ ပိတ်ဆို့ရှာဖွေ စစ်ဆေးရာ တရားခံအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ပါသည် ။

ထို့နောက် စခန်းမှူးနှင့်တပ်ဖွဲ့ဝင်များမှ အခင်းဖြစ်ပွားရာ နေရာအား သွားရောက်ကြည့်ရှုခြင်း ၊ မှတ်တမ်း ဓါတ်ပုံရိုက်ကူးခြင်း ၊ မြေပုံကြမ်းရေးဆွဲခြင်း ၊ အလောင်းအား ဆေးရုံသို့ ပို့ဆောင်ခြင်း စသည့် ရဲလုပ်ငန်းများအား ဆောင်ရွက်ပြီး တရားခံ ညွန့်လှိုင်(ခ) အညာသား (၄၀) နှစ် (ဘ) ဦးပြား ရွာသစ်ကုန်းကျေးရွာ ၊ ဇလီကျေးရွာအုပ်စုနေသူအား သာဝတ္ထိနယ်မြေရဲစခန်း (ပ ) ၄၇/၂၀၁၆ ပုဒ်မ ၃၀၂ အရအမှုရေးဖွင့်ပီး စခန်းမှုး ရဲအုပ်တင်မောင်ဇော်မှ စစ်ဆေးကာ အမြန် တရားစွဲ တင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည် ။

ဒုတက ဟိန်းဝင်းထွန်း
(သာဝတ္ထိနယ်မြေရဲစခန်း)
သာဝတ္ထိနယ်မြေ ရဲစခန်းပိုင် အတွင်း ၂၀၁၆ခုနှစ်တွင် ဒုတိယအကြိမ် လူသတ်မှု ဖြစ်ပွား "  သာဝတ္ထိနယ်မြေ ရဲစခန်းပိုင် အတွင်း ၂၀၁၆ခုနှစ်တွင် ဒုတိယအကြိမ် လူသတ်မှု ဖြစ်ပွား " Reviewed by THITHTOOLWIN on 11:01 Rating: 5
Powered by Blogger.