တစ်ချိန်တုန်းက သင်္ကန်းနဲ့ဆိုတော့ ကိုရင်လေး၊ အခုကတော့ လူဝတ်ကြောင် ဇာတ်လိုက် နဲ့ facebook ပေါ်မှ ရိုက်ခတ်သံ

"တစ်ချိန်တုန်းက သင်္ကန်းနဲ့ဆိုတော့ ကိုရင်လေး၊ အခုကတော့ လူဝတ်ကြောင်နဲ့ဇာတ်လိုက်"

၁၉.၆.၂၀၁၆

သထုံမြို့ အလံတစ်ရာ ဘုရားကြီးဝင်ဖူးရင်း သာသနာဖျက် တစ်ယောက်အကြောင်း အခုလိုကြားသိခဲ့ရတယ်။

အဲ့ဒီကိုရင်လေးခေါ် ဇာတ်လိုက်က တောင်ကြီးဘက်က ပအိုဝ်တိုင်းရင်းသားဖြစ်တယ်။ တောင်ကြီးဘက်နဲ့ သထုံအလံတစ်ရာဝန်းကျင်က သူ့ကို ယခင်အလံတစ်ရာ ဆရာတော်ဘုရားကြီး ဦးအရိယာဝံသ (ဦးဇင်းအောင်ရဲ့ ဖခမည်းတော်) ၀င်စားတယ်လို့ ပုံသွင်းပြီး အယုံကြီးယုံကာ ထင်တိုင်းကြဲနေတဲ့ သာသနာဖျက် တစ်ယောက်ပဲဖြစ်တယ်။

သထုံအလံတစ်ရာရောက်ခါစ ခလေးငယ်ကိုရင်ဘ၀တုန်း ကတည်းက ရေပိုက်အပေါက်ပေါ်မြေကြီးဖုံးပြီး ကိုရင်လေးဖနောင့်နဲ့ ပေါက်တဲ့နေရာက ရေထွက်တယ်၊ အဲ့ဒီရေကို သောက်သုံးလိမ်းကျံရင် ကျန်းမာပြီး ရှိတဲ့ ရောဂါဝေဒနာတွေ ပျောက်တယ်ဆိုပြီး ရွှံ့ရေတွေကို ကလိမ်ကကျစ်ကျပြီး ရောင်းစားခဲ့သလို နောက်လိုက်အပေါင်းအပါ လူကြီးတချို့ရဲ့ နှုတ်တိုက် သင်ကြားထားပေးမှုကြော င့် အခုမှတွေ့ဖူးတဲ့ အဖိုးအိုအရွယ်အဖွားအိုအရွယ်တွေကို ဟိုယခင် အလံတစ်ရာ ဆရာတော်ကြီး ခေါ်ဝေါ်သလို နာမည်အတိအကျနဲ့ တပ်ခေါ်ပြီး အယုံသွင်းခဲ့ပါသေးတယ်။

ကိုရင်လေးဆိုသူဟာ မွေးရာပါ သူငယ်နာမစင်သလို မသန်စွမ်းသူတစ်ယောက်ဖြစ်ပေမဲ့ ဆိုင်ကယ်နဲ့ကားကိုအကြမ်းပတမ်းမောင်းနှင်လေ့ရှိပါတယ်။ အရွယ်ရောက်ပြီး လူထွက်ပြီးနောက်မှာ ပိုမိုဆိုးသွမ်းလာပါတယ်။ အခြွေအရံ တပည့်တပန်းတွေကလည်း လိုလေသေးမရှိအောင်မြှောက်စား ထားကြတဲ့အတွက် လမ်းသရဲဆန်ဆန် လူမိုက်လုပ်နေပါတော့တယ်။

ကိုရင်လေးခေါ်ဇာတ်လိုက်က အမျိုးသမီးတစ်ယောက်နဲ့ အိပ်ချင်တယ်ဆိုရင် သူခေါ်အိပ်ချင်တဲ့ မိန်းခလေးကို ခေါ်ပေးရပါတယ်။ အခေါ်ခံရတဲ့မိန်းခလေးကလည်း ကြည်ဖြူဝမ်းသာစွာ လက်ခံကျေနပ်သတဲ့။
ဘယ်သူ့ကိုမှတော့ အတည်တကျမယူပါဘူး။ တခါက အဲ့ဒီကိုရင်လေး/ဇာတ်လိုက်က အပြင်းပြေ ကစားတဲ့ အနေနဲ့ ခလေးတစ်ယောက်ကို အုတ်တံတိုင်းနံရံမှာ ကပ်လျှက်မတ်တပ်ရပ်နေစေပြီး ရှေ့ကနေဆိုင်ကယ်နဲ့ ၀င်တိုက်တယ်။ ခလေးခမြာ အပြင်းအထန်ဒဏ်ရာရသွားတဲ့အခါ လိုအပ်တဲ့ ဆေးကုသစရိတ်ကို အလံတစ်ရာ ဘုရားကြီးဂေါပက အဖွဲ့က ကျခံပြီးဖြေရှင်းပါတယ်။

ဒါ့အပြင် တစ်ခါကလည်း အလံတစ်ရာက ကားကိုအကြမ်းမောင်းရင်း အလံတစ်ရာ ဘိုးဘိုးအောင်ရပ်ကွက်က မနှဲလေးဆိုတဲ့ အမျိုးသမီးကိုဝင်တိုက်မိလို့သေသွားပါသေးတယ်။ ဒါပေမဲ့ ဘာအမှုအခင်းမှမဖြစ်ပါဘူး။
နောက်ပြီးတော့..အဲ့ဒီဇာတ်လိုက်က ကားစက်ဖုံး(ဘောနပ်)ပေါ်တက်ပြီး အောက်က ဦးဇင်းတစ်ပါးရဲ့ ခေါင်းပေါ်ကို ခြေထောက်တစ်ဘက်တင်ပြီး ဓါတ်ပုံရိုက်ပါတယ်။ အဲ့ဒီပုံကိုလည်းလူအများကြားဖြန့်ဝေပါသေးတယ်။

မကျေနပ်သူအချို့က မြို့နယ်သံဃာ့နာယကအဖွဲ့ကို တိုင်ကြားတဲ့အခါ တစ်စုံတစ်ရာအရေးယူတာ
မျိုးမရှိပဲ တောင်းပန်ပွဲပြုလုပ်ပြီးသာ ပွဲပြီးသွားပါတယ်။ ကိုရင်လေး/ဇာတ်လိုက် ဘန်ကောက်ကိုသွားလည်ပတ်တဲ့ခရီးစဉ်ကို ခရီးသွားမှတ်တမ်းပုံစံမျိုး ဗီဒီယိုရိုက်ပြီး ခွေတွေရောင်းစားပါသေးတယ်။ နိုင်ငံခြားက လမ်းသရဲတွေလိုမျက်နှာမှာ(လျှာ၊နှာခေါင်း၊မျက်ခုံး၊နှုတ်ခမ်းတွေမှာ) သံကွင်းတွေ ဂေါ်လီတွေနဲ့ အလွန်ရွံစရာကောင်းတဲ့ အသက်(၂၀)ကျော် ကောင်ကို လက်အုပ်ချီပြီး ပူဇော် ဖူးမျှော်နေတဲ့ ပအို့ဝ်တွေကိုလည်း အံ့သြမဆုံး မြင်တွေ့ခဲ့ရပါသေးတယ်။ ကျနော့်အနေနဲ့ အဲ့ဒါတွေဟာ အဓိပ္ပာယ်မရှိကြောင်း မဖြစ်သင့်ကြောင်းကို အကျိုးသင့်အကြောင်းသင့်ပြောပြတဲ့အခါ ကျနော်ကပဲ အပြစ်အကြီးကြီး ကျူးလွန်မိသလို စော်ကားမိသလိုနဲ့ ခါးခါးသီးသီး ၀ိုင်းပြောကြတဲ့အပြင် ပြန်တောင်တောင်းပန်ခိုင်းသေးတယ်ဗျ။

ကျနော်ကမတောင်းပန်နိုင်ဘူး တောင်းပန်စရာမလိုဘူးပြောတဲ့အခါ သူတို့ကပဲ ကျနော့ အစားတောင်းပန်ပေးပါ့မယ် တဲ့ ... ကိုရင်လေး/ဇာတ်လိုက်ဆိုတာ နောင်ပွင့်မဲ့ဘုရားလောင်းဆိုပဲ....။

ဒါကြောင့် သက်ဆိုင်ရာ မြို့နယ်၊ ပြည်နယ်သံဃာ့အဖွဲ့အစည်းတွေအပြင် သာသနာရေးဝန်ကြီးဌာန အနေနဲ့ပါ တိတိကျကျ စုံစမ်းဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်ပါကြောင်း....။

Sai Mahar Tun


တစ်ချိန်တုန်းက သင်္ကန်းနဲ့ဆိုတော့ ကိုရင်လေး၊ အခုကတော့ လူဝတ်ကြောင် ဇာတ်လိုက် နဲ့ facebook ပေါ်မှ ရိုက်ခတ်သံ  တစ်ချိန်တုန်းက သင်္ကန်းနဲ့ဆိုတော့ ကိုရင်လေး၊ အခုကတော့ လူဝတ်ကြောင် ဇာတ်လိုက် နဲ့ facebook ပေါ်မှ ရိုက်ခတ်သံ Reviewed by THITHTOOLWIN on 11:36 Rating: 5
Powered by Blogger.