မားစောပို့ ဘုရားကျောင်း ဖောက်ထွင်းခိုးယူသွားသူ အား နေ့တွင်းချင်း ဖမ်းဆီးရမိ


(25.06.2016) ဇွန်လ (၂၅)ရက်နေ့ က မြိတ်မြို့ မားစောပို့ တရုတ်ဗုဒ္ဓဘာသာ ဘုရားကျောင်းရှိ တောင်ပေါ်တွင် ကိုးကွယ်ထားသော ဥာဏ်တော် (၇)လက်မရှိ မီလိုက်ဖု (ခ) ဦးတီပွါး ကြေးဆင်းတုတော်တစ်ဆူအား အလူမီနီယမ် မှန်ကျောင်းဆောင်အား ဖျက်ဆီး၍ ခိုးယူသွားခဲ့ပါသည် ။ CCTVမှတ်တမ်းအရ နံနက် 3:45 တွင် လမ်းကြားနံရံမှ ကျော်နင်းဝင် ရောက်ခဲ့ပါသည်။


တရားခံမှာ မွန်ပြည်နယ် မုဒုံမြို့မှ စိုးဆန်းဆိုသူဖြစ်ပြီး ၀ါလတ်လှေသား တစ်ဦးဖြစ်သည်။ ခိုးယူပြီးနောက် လမ်းတွင်ကောက်ရသော ၀ါးခြင်းတောင်းလေးတွင် ဆင်းတုတော်ထည့်လျှက် သိမ်တော်ကြီးဘုရားသို့ ဆက်လက်တက်ရောက်ခဲ့သည်။


သိမ်တော်ကြီး ဘုရားလုံခြုံရေးတာဝန်ကျ မှ ထိုခြင်းတောင်းလေးအား မသင်္ကာ၍ စစ်ဆေးရာမှ တရုတ်ဘုရားဆင်းတုတော်တစ်ဆူ ထွက်လာပြီး ထပ်မံစစ်ကြောရာမှ အမှုမှန်ပေါ်ပေါက်ခဲ့ပါသည်။

မြို့မရဲစခန်းမှ တရားလိုပြု၍ အမှုအားဆက်လက်၍ ရုံးတင် တရားစွဲမည်ဖြစ်ပါသည်။

 KyarrGyee
မားစောပို့ ဘုရားကျောင်း ဖောက်ထွင်းခိုးယူသွားသူ အား နေ့တွင်းချင်း ဖမ်းဆီးရမိ  မားစောပို့ ဘုရားကျောင်း ဖောက်ထွင်းခိုးယူသွားသူ အား နေ့တွင်းချင်း ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 08:01 Rating: 5
Powered by Blogger.