မန္တလေးမင်္ဂလာဈေး အသစ်ပြန်လည်တည်ဆောက်ရေး(သို့)ပြုပြင်ရေး မဲခွဲရာ အသစ်တည်ဆောက်ရေး ၃ မဲအသာဖြင့် အနိုင်ရ


မန္တလေးမြို့တွင် မတ် ၂၂ ရက်နေ့ ညနေပိုင်းက မီးဘေးသင့်ခဲ့သည့် မင်္ဂလာဈေးအသစ် ပြန်လည်တည်ဆောက် ရေးနှင့် အကြီးစားပြင်ဆင်ရေးအတွက် ဈေးသူဈေးသားများထံမှ ဆန္ဒမဲကောက်ခံခဲ့ရာ အသစ်တည်ဆောက် ရေးက ၃ မဲအသာဖြင့် အနိုင်ရသွားကြောင်း၊ မြို့တော်စည်ပင်သာယာ တာဝန်ရှိသူတဦးက ပြောသည်။

ဈေးသူဈေးသားနှင့် လူနေတိုက်ခန်းပိုင်ရှင်များအား မေ ၂၅ ရက်က ဆန္ဒမဲကောက်ယူ၍ ၂၈ ရက်နေ့တွင် မဲများ စီစစ်ခဲ့ရာ ဆန္ဒမဲ ၆၆၈ မဲတွင် အသစ်တည်ဆောက်ရန် ၂၀၈ မဲနှင့် အကြီးစားပြင်ဆင်ရန် ၂၀၅ မဲရှိ သည်ဟုဆို သည်။

“မင်္ဂလာဈေးဟောင်းတုန်းက ဆိုင်ခန်းရှင်တွေ ပေးသွင်းတဲ့ ငွေနဲ့ ဆိုင်ခန်းဧရိယာအရ အတည် ဆိုင်ခန်းနဲ့ အတည်ပျံကျကို မဲ တွက်ချက်ပါတယ်။ မဲလာမထည့်တဲ့ ဆိုင်ခန်းပိုင်ရှင်တွေကိုလည်း ဈေး ဆောက်ပြီးသွားရင် သူ့ဆိုင်ခန်းအတိုင်း သူ့ကို အရင်ဆိုင်ခန်းနေရာအတိုင်း ပြန်ပေးမှာပါ”ဟု ၎င်းကပြောသည်။

မြေညီထပ်တွင် ၃၃၆ မဲတွင် အကြီးစားပြုပြင်ရန် ၂၀၅ မဲ၊ အသစ်တည်ဆောက်ရန် ၁၃၁ မဲဖြစ်ကြောင်း၊ ပထမထပ်မှ ၁၂ မဲ၊ ဒုတိယထပ်မှ ၃၅ မဲ နှင့် တတိယထပ်မှ ၃၀ မဲ ဖြင့် အားလုံးက အသစ်တည်ဆောက်ရန် ဆန္ဒပြုခဲ့ရာ အသစ်ပြန်တည်ဆောက်ရန် ၂၀၈ မဲရှိကြောင်း၊ မြေညီထပ်မှလွဲ၍ ကျန်အထပ်များက အသစ်တည်ဆောက်ရန် မဲပေးခဲ့ကြောင်း သိရသည်။

“ပညာရှင်များနဲ့ ခေတ်မှကိရိယာတွေနဲ့ တိုင်းတာစစ်ဆေးတော့ အကြီးစားပြင်ဆင်မယ်ဆိုရင် အဆောက် အဦ ခံနိုင်ရည်အားကျဆင်းနေလို့ အန္တရာယ်များပြီး နိုင်ငံခြားပညာရှင်များခေါ်ယူရမှာဖြစ်သလို ကုန်ကျ စရိတ်ကြီး မယ်။ အချိန်ကလည်း အသစ်တည်ဆောက်သလောက် ကြာမြင့်မယ်လို့ သုံးသပ်တယ်”ဟု မြို့တော်စည်ပင် သာယာရေးကော်မတီဝင်တဦးက အဆောက်အဦစစ်ဆေးချက်များ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မင်္ဂလာဈေးကိစ္စနှင့်ပတ်သက်၍ ဈေးသူဈေးသားများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ တွေ့ဆုံစဉ်က ၀န်ကြီးချုပ် ပြောကြားခဲ့သည့်အတိုင်းဆန္ဒမဲကောက်ယူခဲ့ခြင်းဖြစ်ပြီး အသစ်ပြန်လည်တည်ဆောက်ခဲ့ပါကလည်း မူလဆိုင် ခန်းနေရာများအတိုင်း ပေးအပ်မည်ဟု မြို့တော်ဝန်မှ ကတိပြုခဲ့သည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မန္တလေးမင်္ဂလာဈေး အသစ်ပြန်လည်တည်ဆောက်ရေး(သို့)ပြုပြင်ရေး မဲခွဲရာ အသစ်တည်ဆောက်ရေး ၃ မဲအသာဖြင့် အနိုင်ရ  မန္တလေးမင်္ဂလာဈေး အသစ်ပြန်လည်တည်ဆောက်ရေး(သို့)ပြုပြင်ရေး မဲခွဲရာ အသစ်တည်ဆောက်ရေး ၃ မဲအသာဖြင့် အနိုင်ရ Reviewed by THITHTOOLWIN on 18:48 Rating: 5
Powered by Blogger.