မင်းထက်သာ ရန်ကုန်-စစ်တွေ ကားတစ်စီးတိမ်းမှောက်ကာ ခရီးသည်နှစ်ဦးသေဆုံး


မေ ၃၁/ DNJ

စစ်တွေမှ ရန်ကုန်သို့ထွက်လာသည့် မင်းထက်သာ ခရီးသည်တင်ကားတစ်စီးမှာ အမ်းမြို့အနီး (ရွှေမဲတောင်)ခေါ် မဲတောင်အဆင်း၌ တိမ်းမှောက်ခဲ့သဖြင့် ကားပေါ်လိုက်ပါသည့် ခရီးသည်နှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါ ယာဉ်ပေါ်တွင် ခရီးသည် ၂၀ ဦးနှင့် ငါးပုံးများတင်ဆောင်လာခဲ့ပြီး မေလ ၃၀ ရက်နေ့ ညနေ ၄ အချိန်ခန့်၌ မိုင်တိုင်အမှတ် ၈/၄၊ ၈/၅ အရောက်တွင် တောင်ပေါ်သို့တက်လာသည့် ကားတစ်စီးအားရှောင်တိမ်းရာမှ ဘရိတ်မမိသဖြင့်တိမ်းမှောက်ခဲခြင်းဖြစ်ကာ ယာဉ်ပေါ်လိုက်ပါလာသူ မမျိုးဆန်းနွယ် အသက် အသက် ၁၄ နှစ်နှင့် ဒေါ်ဖြူသာမေ၊ အသက် ၇၀ နှစ်၊တို့မှာ ယာဉ်တိမ်းမှောက်မှုကြောင့်သေဆုံးသွားခဲ့ကြောင်း အမ်းမြို့ နယ်ရဲစခန်းမှသိရသည်။

ယင်းဖြစ်စဉ်ကြောင့် လူနှစ်ဦးသေဆုံးခဲ့ကာ ကျန်ခရီးသည်များမှာ ထိခိုက်ဒဏ်ရမှုအနည်းငယ်ရှိခဲ့သော်လည်း ဒဏ်ရာများမှာ မစိုးရိမ် ရပဲ အမ်းမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှုခံယူလျက်ရှိကာ ယာဉ်မောင်းဖြစ်သူ ဦးကျော်သူရ၊အသက်(၄၀) နှစ်အား အမ်းမြို့နယ်ရဲစခန်းမှ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄(က)၊ ၃၃၈၊ ၃၃၇ စသည်တို့ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထား ရှိကြောင်းလည်းသိရသည်။

ဓါတ်ပုံ- Facebook
Development Media Group
https://www.facebook.com/DevelopmentNJ
မင်းထက်သာ ရန်ကုန်-စစ်တွေ ကားတစ်စီးတိမ်းမှောက်ကာ ခရီးသည်နှစ်ဦးသေဆုံး  မင်းထက်သာ ရန်ကုန်-စစ်တွေ ကားတစ်စီးတိမ်းမှောက်ကာ ခရီးသည်နှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 09:57 Rating: 5
Powered by Blogger.