ထိုင်းဘုန်းကြီးကျောင်းက ကျားတွေ တောထဲ ရွှေ့ (ရုပ်/သံ)

 ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်က ဘုန်းတော်ကြီးကျောင်းထဲမှာ ရှိနေကြတဲ့ ကျားပေါင်း ၁၃၇ ကောင်ကို ဖယ်ရှားပြီး အနီးက ဘေးမဲ့တောကို ပြောင်းရွေ့ဖို့ သဘာဝသားရိုင်း တိရစ္ဆာန်ရေးရာ အာဏာပိုင်တွေက ကြိုးပမ်းနေကြပါတယ်။ အဲဒီ ဘုန်းတော်ကြီးကျောင်းကို ခရီးသွားတွေ အလာများကြပြီး တစ်နှစ်ကို ဒေါ်လာ ၅ သန်းလောက် ဝင်ငွေ ရှိနေပါတယ်။ ဒါပေမယ့် တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေ ကတော့ အဲဒီ ကျောင်းမှာ ကျားတွေကို ကောင်းကောင်း မထားဘဲ တိရစ္ဆာန်ထွက် ပစ္စည်း ရောင်းဝယ်မှုတွေရှိနေတယ်လို့ စွပ်စွဲ နေကြပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese



ထိုင်းဘုန်းကြီးကျောင်းက ကျားတွေ တောထဲ ရွှေ့ (ရုပ်/သံ)  ထိုင်းဘုန်းကြီးကျောင်းက ကျားတွေ တောထဲ ရွှေ့ (ရုပ်/သံ) Reviewed by THITHTOOLWIN on 09:57 Rating: 5
Powered by Blogger.