ထိုင်းရဲတပ်ဖွဲ့ က အလိုရှိနေသူ ကျောင်းထိုင်ဆရာတော်တပါး ထိုင်း - မြန်မာ နယ်စပ်ကို ထွက်ပြေးပြီဟု ဆိုရှယ်မီဒီယာများမှာဖေါ်ပြနေ


Breaking News on 30May2016

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့  မှ ဖမ်းဝရမ်းထုတ်ထားပြီး ပထုံဌာနီခရိုင် ခလောင်လုံမြို့ နယ်မှာ သတင်းသုံးနေထိုင်နေတဲ့ ဆရာတော် ဓမ္မချယိုကို ၀င်ရောက် ဖမ်းဆီးစစ်ဘို့ တပ်နှင့်ရဲတပ်ဖွဲ့ စုစုပေါင်း၂၂၅၀ဦး အသုံးပြုမှာဖြစ်ပြီး ကျောင်းဝင်ထွက်ပေါက် တစ်ပေါက်ကို စစ်အင်အား နဲ့  ရဲများ ပိတ်ဆို့  ချထားနေရာမှာ ဓမ္မကိုင်း ဘုန်းကြီးကျောင်းရဲ့  ၀င်ထွက်ပေါက်အားလုံး ၁၅ပေါက်ကို ပိတ်ဆို့ ထားပြီး ဖြစ်ပါတယ်။


ဘုန်းကြီးကျောင်းဘက်ကလည်း ရဲနဲ့ စစ်တပ် အဖွဲ့က ဆရာတော်ကိုဝင်ရောက် ဖမ်းဆီးမှာကို တားဆီးတဲ့အနေနဲ့ အဆင်သင့်ပြင်ထားပြီး ရာနဲ့ ချီတဲ့ သံဃာတွေ နဲ့  ဆရာတော်ကို ကိုးကွယ်နေတဲ့ သူတွေက လူသားတံတိုင်းလုပ် ကာကွယ်နေကြပါတယ်။ နှစ်ဘက် တင်းမာနေတဲ့အချိန်မှာ ဆရာတော်ဟာ ကျောင်း တိုက် ကနေ တိတ်တဆိတ် ထွက်ပြေးသွားခဲ့ကြောင်း ဆိုရှယ် အွန်လိုင်းတွေမှာ သတင်းအဖြစ် ရေးသားနေကြပြီး မြန်မာ နယ်စပ်ကနေ တဆင့် အမေရိကန်နိုင်ငံကို ထွက်ပြေးမှာဖြစ်တယ်လို့ သတင်းတွေမှာရေး သားနေပါတယ်။

အာဏာပိုင်တွေကတော့ ယခုသတင်းနဲ့ ပါတ်သက်ပြီး အတည်မပြုသေးဘဲ နယ်စပ်ကိုပြေးမယ်ဆိုလည်း စစ်ဆေးရေး ဂိတ်တွေကို အ၀င်အထွက် ဂရုစိုက် စစ်ဆေးဘို့  ညွှန်ကြားထားပြီး ဖြစ်ကြောင်းသိရပါတယ်။

Credit Daily news
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
ထိုင်းရဲတပ်ဖွဲ့ က အလိုရှိနေသူ ကျောင်းထိုင်ဆရာတော်တပါး ထိုင်း - မြန်မာ နယ်စပ်ကို ထွက်ပြေးပြီဟု ဆိုရှယ်မီဒီယာများမှာဖေါ်ပြနေ  ထိုင်းရဲတပ်ဖွဲ့ က အလိုရှိနေသူ ကျောင်းထိုင်ဆရာတော်တပါး ထိုင်း - မြန်မာ နယ်စပ်ကို ထွက်ပြေးပြီဟု ဆိုရှယ်မီဒီယာများမှာဖေါ်ပြနေ Reviewed by THITHTOOLWIN on 20:00 Rating: 5
Powered by Blogger.