ကျောက်မျက်လုပ်ငန်းရှင် တိုင်ကြားစာအတွက် အဖွဲ့ဖွဲ့ပြီး စိစစ်မည်

ဥပဒေရေးရာ နဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးသိန်းလွင်ကို မေလ ၃၀ ရက်နေ့က တွေ့ရစဉ်။ Photo: Win Ko Ko Latt/ RFA
မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းရံပုံငွေထဲက စာရင်းပျောက်နေတဲ့ ယူရိုငွေ ၈၆ သန်း ကိစ္စ တိုင်ကြားစာနဲ့ပတ်သက်ပြီး အရင်အစိုးရထဲက လူကြီးတွေ ပါဝင်ပတ်သက်နေတဲ့အတွက် ၀န်ကြီးဌာနထက် မြင့်တဲ့အဖွဲ့အစည်းတစ်ခုဖွဲ့ပြီး စိစစ်ဖို့ ဆုံးဖြတ်ထားကြောင်း ဥပဒေရေးရာနဲ့ အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးသိန်းလွင် က ပြောပါတယ်။

ဒီနေ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဟောင်း ၁၂ ဦးရဲ့သတင်းစာရှင်းလင်းပွဲ မှာ ကော်မရှင်ထံ ကျောက်မျက်လုပ်ငန်းရှင်တွေက ပေးပို့ထား တဲ့ တိုင်ကြားစာနဲ့ ပတ်သက်ပြီး ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေကို သတင်းထောက်တစ်ဦး က မေးမြန်းရာမှာ ဦးသိန်းလွင်က ပြောခဲ့တာဖြစ်ပါတယ်။

ကျောက်မျက်အသင်း စတင်တည်ထောင်စဉ် ၂၀၀၉ ခုနှစ်ကစပြီး ၂၀၁၆ ခုနှစ်အထိ တစ်ရာခိုင်နှုန်း အခွန် ကောက်ခံရရှိငွေ ယူရိုငွေ ၈၇ သန်း ရှိကြောင်း အခုအခါမှာ ၇ သန်းသာကျန်ရှိတော့ကြောင်း တိုင်ကြားစာမှာ ပါရှိတာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်း ရှင်များ အသင်းချုပ် ဥက္ကဌ ဦးရုံးမူ လက်ထက်မှာ ငွေကြေးမသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်တွေက ဥပဒေရေးရာနဲ့ အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ထံ တိုင်ကြားစာ ပေးပို့ခဲ့တာဖြစ်ပါတယ်။

အဲဒီတိုင်ကြားစာထဲမှာ အနုပညာဦးစီးဌာနအတွက် အရင်သမ္မတဟောင်း ဦးသိန်းစိန်က ယူရိုငွေ ၇ သန်း ထုတ်ပေးတာ၊ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းကို ယူရိုငွေ ၅ သန်းပေးတာတွေလည်း ပါဝင်ပါတယ်။

တိုင်ကြားသူတွေက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ကိုယ်စားလှယ်တွေ၊ စာရင်းစစ်အရာရှိ၊ ဆောက်လုပ်ရေး ဌာနက အင်ဂျင်နီယာ၊ သတ္တုတွင်းဌာန ကိုယ်စားလှယ်၊ ကျောက်မျက်အသင်းရဲ့ ကိုယ်စားလှယ်နဲ့ ဥပဒေပညာရှင် စတဲ့ ၇ ဦးပါတဲ့ ခုံရုံးဖွဲ့ပေးဖို့ သတ္တုတွင်း ဝန်ကြီးကို အကြုံပြုထားပါတယ်။

RFA Burmese
http://www.rfa.org/burmese/
ကျောက်မျက်လုပ်ငန်းရှင် တိုင်ကြားစာအတွက် အဖွဲ့ဖွဲ့ပြီး စိစစ်မည်  ကျောက်မျက်လုပ်ငန်းရှင် တိုင်ကြားစာအတွက် အဖွဲ့ဖွဲ့ပြီး စိစစ်မည် Reviewed by THITHTOOLWIN on 19:36 Rating: 5
Powered by Blogger.