မူဆယ်ဆင်ဖြူ ဂိတ်အနီးတွင် တရုတ်နိုင်ငံသား (၄)ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ


 မေ (၂) မူဆယ်၊ သမန်းကျား

ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ မှူး ရဲမှူးကြီးအောင်မြတ်မိုး၏ ကြီးကြပ်မှုဖြင့် ဒုတိယရဲတပ်ဖွဲ့ မှူးနယ်မြေအတွင်း လှည့်ကင်း၊ ရပ်ကင်း၊ ၀ပ်ကင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ် မေလ (၂) ရက်၊ မွန်းလွဲပိုင်း (၁)နာရီအချိန်ခန့် က မူဆယ်မြို့ ၊ ကောင်းမှုတုံရပ်ကွက်၊ ငွေဆင်အိမ်ယာ၊ တရုတ်-မြန်မာနယ်စပ်၊ မိုင်တိုင်အမှတ် (၈၃) နှင့် (၈၄-၂) ကြားတွင် မသင်္ကာဖွယ်ရာလူတစ်စုရောက်ရှိနေကြောင်း နှစ်နိုင်ငံနယ်စပ်ဝင်/ထွက်ပေါက်တစ်ခုဖြစ်သော ဆင်ဖြူဂိတ်အနီး၌ နယ်မြေသတင်းရယူရေးဆောင်ရွက်နေသော ရဲဒုတပ်ကြပ် အောင်ကိုဝင်း၏ သတင်းပေးပို့ ချက် အရ မူဆယ်မြို့ နယ်ရဲတပ်ဖွဲ့ မှူးဦးစီးသော ရဲတပ်ဖွဲ့ ဝင်များနှင့် ပြည်သူ့ စစ်အဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့  က သွားရောက်ကြည့်ရှုရှင်းလင်းခဲ့ရာ မြန်မာနိုင်ငံအတွင်းသို့  တရားမ၀င် ၀င်ရောက်လာသော တရုတ်နိုင်ငံသား (၄) ဦး ကို လက်နက်ခဲယမ်းမီးကျောက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ကျ ရဲအရာရှိက အတည်ပြုပြောကြားသည်။

ဝမ်ဆို့ ချန် (၄၄) နှစ်၊ နန်ချင်းမြို့ ၊ စီချွမ်းပြည်နယ်၊ တရုတ်နိုင်ငံနေသူလွယ်ထားသော အနက်ရောင်သားရေလွယ် အိတ်အတွင်းမှ ချက်နိုင်ငံလိုပ် CZ 75 Compact အမျိုးအစား အနက်ရောင် ၉ မမ ပစ္စတို (၁)လက်၊ ကျည်ကဒ် (၁) ခု၊ ၉ မမ ကျည် (၇) တောင့်၊ ဟန်ဂေရီနိုင်ငံလုပ် Col 380 အမျိုးအစား ခဲရောင် ၃၈ ပစ္စတို (၁) လက်၊ ကျည်ကဒ် (၁) ခု၊ ၃၈ ကျည် (၈)တောင့်ကို သိမ်းဆည်းရမိခဲ့ကြောင်း၊

ကျန်းကျင် (၃၀) နှစ်၊ ကုန်ချင့်မြို့ နယ်၊ စီချွမ်းပြည်နယ်၊ တရုတ်နိုင်ငံနေသူထံမှ XUANSHENG တံဆိပ်ပါ မိုးကာ လွယ်အိတ်အတွင်းထည့်လျှက် ဂျာမဏီနိုင်ငံလုပ် Sigsauer P 239 အမျိုးအစား ၉ မမ ပစ္စတို (၁) လက်၊ ကျည်ကဒ် (၁) ခု၊ ၉ မမ ကျည် (၁၁) တောင့် ကိုသိမ်းဆည်းရမိခဲ့ကြောင်း၊

လျှိုခွှမ် (၂၅) နှစ်၊ ချိန်တူးမြို့ ၊ စီချွမ်းပြည်နယ်၊ တရုတ်နိုင်ငံနေသူထံမှ Baillr တံဆိပ်ပါ အနက်ရောင်သားရေအိတ် အတွင်းထည့်လျက် အီတလီနိုင်ငံလုပ် Beretta အမျိုးအစား အနက်ရောင် ၉ မမ ပစ္စတို (၁)လက်၊ ကျည်ကဒ် (၁) ခု၊ ၉ မမ ကျည်တောင့် (၁၂) တောင့် ကို သိမ်းဆည်းရမိခဲ့ကြောင်း၊

ချိန်ကျားတုံး၊ (၂၅) နှစ်၊ အမ်ချွင့်မြို့ ၊ ကွေကျုံးပြည်နယ်၊ တရုတ်နိုင်ငံနေထိုင်သူထံမှ အနီရောင်သားရေသေနတ် ထည့်အိတ်အတွင်းထည့်လျှက် အမေရိကန်နိုင်ငံလုပ် Ruger အမျိုးအစား အနက်ရောင် ၉ မမ ပစ္စတို (၁) လက် ကျည်ကဒ် (၁) ခု၊ ၉ မမ ကျည်တောင့် (၁၀) တောင့် ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သူတို့ ကို စစ်ဆေးကြည့်တဲ့အခါ ကျယ်ဂေါင်မြို့ က လောင်းကစားရုံတွေကို ဦးတည်ပြီးလာတယ်လို့ သိရပါတယ်။ ကျယ်ဂေါင်မှာ လောင်းကစားရုံတွေ မရှိတဲ့အတွက် တရုတ်နိုင်ငံထဲကိုပြန်ဝင်ဖို့  တရားမ၀င်ခိုးပေါင်အနီးကို ရောက်ရှိ နေချိန်မှာ ရဲတပ်ဖွဲ့ က သတင်းဦးရရှိခဲ့ပြီး အခုလို အချိန်မှီ လက်ပူးလက်ကြပ်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်ဟု ပြည်နယ် ဒုတိယရဲတပ်ဖွဲ့ မှူး ရဲမှူးကြီးအောင်မြတ်မိုး က ပြောပြသည်။

ဖြစ်စဉ်နှင့်ပါတ်သက်၍ ဖော်ပြပါ တရုတ်နိုင်ငံသား (၄) ဦးအား မူဆယ်မြို့ မရဲစခန်းတွင့်  (ပ) ၁၈၇/၁၆၊ ရှမ်းလက် နက် (၁၂) ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။

Lashio News Diary
https://www.facebook.com/LNDLashio
မူဆယ်ဆင်ဖြူ ဂိတ်အနီးတွင် တရုတ်နိုင်ငံသား (၄)ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ  မူဆယ်ဆင်ဖြူ ဂိတ်အနီးတွင် တရုတ်နိုင်ငံသား (၄)ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 04:38 Rating: 5
Powered by Blogger.