သာယာဝတီတွင် အမျိုးသမီးကြီးတစ်ဦး အသတ်ခံရ


ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် ကွက်သစ်ရပ်ကွက် ရန်ကုန် - ပြည်လမ်း ကံကြီးပိုင်းရပ် နေ ဒေါ် ညွန့်ညွန့်သောင်း ( ၅၉ )နှစ် ( ဘ )ဦးထွန်ဟန် မှာ နေအိမ်တွင်၂၀၁၆ခုနှစ် မေလ ( ၂ )ရက် နေ့တွင် နေအိမ်၏ ရေချိုးခန်းတွင် အသတ်ခံရကြောင်းသိရသည် ။


တူမ ဖြစ်သူ မဖြူဖြူသွယ် ( ဘ )ဦးအောင်မြင့် သင်တောရိုး ကျေးရွာ သာယာဝတီမြို့နယ် နေထိုင်သူသည် ၊စနေ့တွင် အဆိုပါ နေအိမ်သို့ ဖုန်းဖြင့်ဆက်သွယ် သည်ကိုမရသဖြင့် တနင်္လာနေ့ ရုံးမတက်မှီ အချိန်တွင် လာရောက်ကြည့်ရှု့ရာ တွင် ခြံတံခါးများပိတ်ခြင်း ခေါ်ဆိုရာတွင် မရခြင်းကြောင့်အိမ်၏ခေါင်းရင်းဖတ် နေအိမ်မှ ဝင်ကာ အိမ်တွင်အပုတ်နံများရသဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညွန့်မောင် ၏ အကူအညီရယူကာ သာယာဝတီမြို့မ ရဲစခန်းသို့အကြောင်းကြား ပြီး နောက် သာယာဝတီခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး စံရွှေမောင် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲ ဒု /အုပ်ချုပ်ရေးမှူး ဦးအောင်သူရ နှင့် အဖွဲ့ဝင်များ ၊မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဆွေ တို့ဦးဆောင်သောအဖွဲ့သည် အခင်းဖြစ် နေအိမ် သို့ တံခါးဖွင့်ကာ ရှာဖွေရာတွင် ဒေါ်ညွန့်ညွန့်သောင်း မှာ နေအိမ်၏ ရေချိုးခန်းအတွင်း မိန်းမဝတ်အတွင်းခံ အင်္ကျီအား လည်ပင်းတွင် ရစ်ပတ်သေဆုံး နေသည်ကို တွေ့ရသည် ။


စခန်းမှူး ဒု /ရဲမှူးတင်ထွဋ်သည် အခင်းဖြစ်အရပ်တွင် မှတ်တမ်းဓာတ်ပုံ ရိုက်ခြင်း သက်သေခံပစ္စည်းများကို ရှာဖွေခြင်း မြေပုံများရေးဆွဲခြင်း ၊အနီးဝန်းကျင်များ၏ ပြည်သူများကိုမေးမြန်းခြင်း သေဆုံးသူအားသာယာဝတီခရိုင်ပြည်သူ့ဆေးရုံသို့ဆေးစာဖြင့် သေဆုံးသူအား သာယာဝတီမြို့ ငြိမ်းချမ်းရေး နာရေးကူညီမှု့အသင်းဖြင့် ခရိုင်ဆေးရုံကြီး သို့ပို့ဆောင်ပေးခဲ့သည် ။


သာယာဝတီမြို့မ ရဲစခန်းမှ စခန်းမှူး ဒု /ရဲမှူး တင်ထွဋ် မှ အမှု့ကို သေခြာလက်ခံစစ်ဆေးပြီး မြို့မ ရဲစခန်းမှ ပ / ၁၂၀ / ၂၀၁၆ ပြစ်မှု့ဆိုင်ရာပုဒ်မ ၃၀၂ ဖြင့်အမှု့ဖွင့်အရေးယူပြီး ပြစ်မှု့ကျုးလွန်းသူ ကိုဖမ်းဆီးနိင်ရန် ဆောင်ရွက်လျှ က်ရှိသည်ဟုသိရသည် ။

ကိုဖိုးစံ
သာယာဝတီ
Kophoe San Tharrawaddy
https://www.facebook.com/tharrawaddy.tharrawaddy
သာယာဝတီတွင် အမျိုးသမီးကြီးတစ်ဦး အသတ်ခံရ  သာယာဝတီတွင်  အမျိုးသမီးကြီးတစ်ဦး အသတ်ခံရ Reviewed by THITHTOOLWIN on 04:37 Rating: 5
Powered by Blogger.