ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုံ (၂) တွင် မီးလောင်မှုဖြစ်ပွား




ပြည်ကြီးတံခွန်၊ မေ ၂၂

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၊ စက်မှုဇုံ(၂)၊ (ဈ) ရပ်ကွက်၊ အကွက်အမှတ် လလ (၉၃) ၌ မေ ၂၂ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က အာရှမြန်မာသံရည်ကျိုစက်ရုံ (အိမ်အမှတ်၊ ၃+၄+၁၈+၁၉+ ၂၀)နှင့် ပေါ်လီမာ မွေ့ယာ ဖော့စက်ရုံ (အိမ်အမှတ် ၅+၆+ ၁၆+၁၇) တို့ မီးလောင်မှု ဖြစ်ပွားခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်၌ မီးငြှိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် သံရည်ကျိုစက်ရုံမှ ဒဏ်ရာရသူအလုပ်သမား(၄)ဦး (မစိုးရိမ်ရ)၊ ရပ်ကွက်နေပြည်သူ သွပ်ပြားရှသူ (၂)ဦး (မစိုးရိမ်ရိမ်ရ) စုစုပေါင်း(၆) ဦး ဒဏ်ရာရရှိ ခဲ့ပြီး ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ခဲ့ကြောင်း သိရသည်။ မီးလောင်မှုကို level -3 အဆင့်သတ်မှတ်ပြီး မီးလောင်ရာသို့ မီးငြိမ်းသတ်ယာဉ်(၅၀)စီး၊ အုပ်ချုပ်မှု ယာဉ်(၃)စီး၊ လူနာတင်ယာဉ်(၅)စီး နှင့် ရပ်ကွက်နေပြည်သူများ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြသည်။

မီးစတင် လောင်ကျွမ်းမှုနှင့် မီးစတင်လောင်ကျွမ်းသောနေအိမ်အား မြို့နယ်ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ကနဦး သတင်းရရှိသည်။

သန်းဇော်မင်း(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုံ (၂) တွင် မီးလောင်မှုဖြစ်ပွား  ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုံ (၂) တွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:13 Rating: 5
Powered by Blogger.