နိုင်ငံတော်သမ္မတ ဦးထင်ကျော် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ


ရန်ကုန်၊ မေ ၂၂

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် အဖွဲ့ဝင်များနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့၌ ကျင်းပသည့် ရုရှား - အာဆီယံ ဆက်ဆံရေး နှစ် ၂၀ ပြည့်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး သို့ တက်ရောက်ခဲ့ပြီး နောက် ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ် တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။


နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးဇော်သိန်း၊ တိုင်းဒေသကြီး ၀န်ကြီးများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး မစ္စတာ ဗာစီလီဘီပေါ့စ် ပီလော့ဗ်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ် ဆက်ခဲ့ကြသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
နိုင်ငံတော်သမ္မတ ဦးထင်ကျော် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ Reviewed by THITHTOOLWIN on 20:16 Rating: 5
Powered by Blogger.