ပြန်ပေးဆွဲမှု ဖြေရှင်းပေးရန် ရပခတိုင်းရုံးသို့ ရလလဖ တောင်းဆို


မေလ ၃ ရက် ၂၀၁၆

သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် ဒေသခံပြည်သူ တစ်ဦးပြန်ပေး ဆွဲ၊ ငွေတောင်းခြိမ်းခြောက်ခံရမှုများအတွက် ဖြေရှင်းပေးရန် ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွှတ်မြောက်ရေးအဖွဲ့ရလလဖ ဗဟိုကော်မတီ မှ မေ လ(၃) ရက်နေ့က အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ထံ တင်ပြတောင်း ဆိုထားကြောင်းသိရသည် ။

ဆီဆိုင်မြို့နယ် ၊ နောင်ကျောကျေးရွာအုပ်စု ၊ စလောင်းတောင် ရွာနေ ဒေသ ခံ ဦးစောထောရီ အား ဌာနေပြည်သူ့ စစ် (PNA) ၏ ထီဗွာရေဖြူ စခန်း မှ ဗိုလ်ကြီးအဆင့်ရှိသူ ခွန်တသီး ဦးဆောင်သော ရဲဘော် (၁၀) ဦး က ဧပြီလ (၂၇) ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဦးစောထောရီ၏ ဇနီးဖြစ် သူအား ငွေကျပ်နှစ်သိန်း ငါးသောင်း တိတိ ဖြင့် လာရောက်လဲ လှယ်ေ စကြောင်း ရပခတိုင်းမှူးထံတင်ပြသည့် ရလလဖ ၏စာတွင်ပါရှိ သည်ဟု အကြီးအကဲတဦးက ပြောပြသည်။

“သူတို့မှာအရင်ကဘာအကြောင်းတွေရှိခဲ့လဲတော့မသိဘူး။ ဒါပေမယ့် ပြည် သူ လူထုအပေါ်အခုလို ပြန်ပေးဆွဲငွေတောင်းတဲ့ခေတ်မ ဟုတ်တော့ ဘူးဆိုတာ သိစေချင်ပါတယ်။” ဟုဆိုပါသည်။

ဦးစောထောရီ၏ ဇနီးက ငွေကျပ် နှစ်သိန်းငါးသောင်းပေးဆောင်ခဲ့သဖြင့် လက်ရှိတွင် ပြန်လည်လွတ်မြောက် လာပြီဖြစ်ကြောင်းလည်း ဆိုပါသည်။

ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ ဌာနေပြည်သူ့စစ် PNA မှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးဖြစ်သော ဦးဇော်ပျံက “ အဲ့ကိစ္စကကျနော်မသိရ သေးဘူး။ ခရီးသွားနေတာ မနေ့ကမှပြန်ရောက်တာ။ ဒီကိစ္စကို သေချာစုံစမ်းရဦးမယ် ” ဟု ပြောကြားခဲ့သည် ။

နိုင်ငံတော်၏အရံအင်အားများဖြစ်သော လက်နက်ကိုင်ဌာနေပြည်သူ့စစ်များ ၏ ပြည်သူအပေါ်လက်နက်ဖြင့် အနိုင်ကျင့် ရမ်းကားဗိုလ်ကျနေသည့် ကိစ္စ များသည် ဒေသခံလူထုများ၏ အသက်အန္တရယ်အတွက် စိုးရိမ် ၊ထိတ် လန့်၊ ကြောက်ရွံ့မှုများဖြစ်ပေါ်လျှက်ရှိခြင်းကြောင့် အလားတူကိစ္စရပ်များ ထပ်မံမဖြစ်ပွားစေရန် ယခုကိစ္စရပ်အားဖြေရှင်း ပေးပါရန် (ရလလဖ) ဗဟိုကော်မတီ မှတောင်းဆိုထားကြောင်းသိသည် ။

သျှမ်းသံတော်ဆင့်/ ယိင်းတိုင်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
ပြန်ပေးဆွဲမှု ဖြေရှင်းပေးရန် ရပခတိုင်းရုံးသို့ ရလလဖ တောင်းဆို ပြန်ပေးဆွဲမှု ဖြေရှင်းပေးရန် ရပခတိုင်းရုံးသို့ ရလလဖ တောင်းဆို Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.