အမြန်လမ်းတွင် ကားတိမ်းမှောက်မီးလောင်မှုမှ သေဆုံးသူ နှစ်ဦးကို ဖော်ထုတ်နိုင်ပြီ


 ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ကားတိမ်းမှောက်မီးလောင် အမျိုးသား နှစ်ဦး သေဆုံး

နေပြည်တော် မေ ၃

ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၂၂/၆ နှင့် ၁၂၂/၇ အကြား ၌ နေပြည်တော် မှ ရန်ကုန်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင် လာသော (အဖြူရောင်) မော်တော်ယာဉ် (လိုင်စင်စိစစ်ဆဲ)သည် မေ ၂ ရက် ည ၁၂ နာရီ မိနစ် ၂၀ တွင် အရှိန် မထိန်းနိုင်ဘဲ လမ်းလယ် ဘာရီယာတုံးအား တိုက်ပြီး နောက် လမ်းမပေါ်၌ တိမ်းမှောက်ကာ မီးလောင်ကျွမ်းခဲ့သည်။


အဆိုပါယာဉ်တိမ်းမှောက်မှုအား သိလျှင်သိချင်း ဗောဓိကုန်းအမြန်လမ်းမကြီး ရဲစခန်း၊ ဖြူး အမြန်လမ်းမကြီးရဲစခန်းနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့တို့မှ တာဝန် ရှိသူ များက အခင်းဖြစ်ရာနေရာသို့ ရောက်ရှိကြပြီး မီးဝိုင်းဝန်းငြိမ်း သတ်ခဲ့ကြ သည်။ အဆိုပါ ယာဉ် အတွင်း၌ အမျိုးသား(၂)ဦးမှာ မီးလောင် ကျွမ်းသေ ဆုံး နေသည် ကိုတွေ့ရပြီး တပ်ဖွဲ့ပိုင် ယာဉ်ဖြင့် အုတ် တွင်းပြည် သူ့ ဆေး ရုံ သို့ ပို့ဆောင်ပေးခဲ့သည်။

ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ အခင်းဖြစ်ရပ်အား စစ်ဆေးခြင်း၊ သေဆုံး သူ နှစ်ဦး တို့၏ အမည်၊ နေရပ်တို့အား စုံစမ်းဖော်ထုတ်ခြင်း တို့ကို ဗောဓိကုန်း အမြန်လမ်းမ ကြီး ရဲစခန်းမှ တာဝန်ရှိသူများက ဆက်လက် စုံစမ်းမှုများဆောင်ရွက်စဉ် သေဆုံးသူ ယာဉ်မောင်း၏ ဇနီးဖြစ်သူ တောင် ဥက္ကလာပမြို့နယ် (၁၂)ရပ်ကွက် မိဂသီလမ်း အမှတ် (၁၈၈)နေ ဒေါ်ချိုချိုနွယ်မှ အုတ်တွင်းပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိလာသဖြင့် တာဝန် ရှိသူများ က မေးမြန်းခဲ့ရာ ယာဉ်မောင်းမှာ ၎င်း၏ခင်ပွန်း ဦးအောင်မျိုးနိုင်ဖြစ်ပြီး ယာဉ်ပေါ် ပါ လာသူမှာ တောင်ဥက္ကလာပမြို့နယ် (၁၂)ရပ်ကွက် ၂၁ လမ်း အမှတ် (၁၆၆/ခ) နေသူ ဦးအောင်ဖြိုးခိုင်ဖြစ်ကြောင်း သိရှိရသည်။

အမြန်လမ်းတွင် ခရီးသွားယာဉ်မောင်းများအနေဖြင့် မိမိတို့မောင်းနှင်မည့် ယာဉ် အား ကြံ့ခိုင်မှုစစ်ဆေးပြီးမှသာ ထွက်ခွာရန် သတ်မှတ်နှုန်းထား အတိုင်းမောင်းနှင်ရန်၊ အမြန်လမ်း တစ်လျှောက် သတိပေးဆိုင်းဘုတ်များအား ဂရုပြုကြည့်ရှုမောင်းနှင်ရန်နှင့် အိပ်မငိုက်စေရန် အထူးသတိထား ရမည်ဖြစ် သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်သွားလာမှုစတင်ခွင့်ပြုချိန်မှ (၇)နှစ် အတွင်း ယာဉ်မတော်တဆမှုကြောင့် ခရီးသွားပြည်သူ (၆၀၀) ဦးကျော် သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူ (၃၀၀၀) ကျော် ရှိကြောင်းသိရသည်။

သို့ပါ၍ အမြန်လမ်းမကြီးတွင် မောင်းနှင့်သွားလာနေကြသော ယာဉ်များ အနေဖြင့် တစ်နေ့ တာ မိမိတို့လိုရာခရီးအား အဆင်ပြေချောမွေ့စွာ သွားရောက်နိုင်ရေး အတွက် သတိ၊ အသိဖြင့်ယှဉ်၍ စိတ်ရှည် သီးခံမောင်းနှင်ကြ ပါရန် တိုက်တွန်းအပ်ပါသည်။

(ညီညီသန်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
အမြန်လမ်းတွင် ကားတိမ်းမှောက်မီးလောင်မှုမှ သေဆုံးသူ နှစ်ဦးကို ဖော်ထုတ်နိုင်ပြီ  အမြန်လမ်းတွင် ကားတိမ်းမှောက်မီးလောင်မှုမှ သေဆုံးသူ နှစ်ဦးကို ဖော်ထုတ်နိုင်ပြီ Reviewed by THITHTOOLWIN on 22:18 Rating: 5
Powered by Blogger.