ထိုင်းအလှကုန် ပစ္စည်းများ အတုလုပ်ရောင်းနေသူ အမျိုးသမီးအား ဖမ်းဆီး


Breaking news on 9May2016

ထိုင်းနိုင်ငံထုတ် နံမည်ကြီး ခေါင်းလျှော်ရည်-ဆပ်ပြာရည်-နဲ့  ဆံပင်ပျော့ ဆေး တဆိပ်မျိုးစုံ ကို ဓါတုဆေးတွေနဲ့ ဖေါ်စပ်အတုလုပ်ပြီး လမ်းဘေးဈေးတွေ (သလနတ်) ကို ဖေါက်သည်ပေးနေသူ အသက် ၄၂ နှစ် ရှိ ထိုင်းအမျိုးသမီး တဦးကို သက်သေခံ ပစ္စည်းတွေနဲ့ အတူ နကောပထုံ က နေအိမ်မှာ မေလ (၈) ရက်နေ့ က ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ က သတင်းစာရှင်းလင်ပွဲမှာ ထုတ်ဖေါ်ပြသခဲ့ပါတယ်။


သူမဟာ ယခုလိုအတုတွေလုပ်ပြီးရောင်းချနေတာ နှစ်နဲ့ ချီကြာခဲ့ပြီဖြစ်ပါတယ်၊ ကုန်တိုက်တွေမှာ ဈေးကြီးကြီး ပေးဝယ်ရတဲ့ အလှကုန်တွေကို တ၀က်ဈေးနဲ့ လျော့ ရောင်းနေတာပါ။


သူမနဲ့ အတူ အတုပြုလုပ်ပြီး ရောင်းရန် အသင့်ဖြစ်နေတဲ့ နံမည်ကြီး အလှကုန် တဆိပ် ဘူးအမျိုးစုံ ၁၀၀၀ နဲ့ အတူ ဖေါ်စပ်ပစ္စည်းတွေပါ ဖမ်းမိခဲ့ပါတယ်။သူမဟာ အတုအလှကုန်တွေ ကို ရောင်းတဲ့ဝင်ငွေဟာ တနေ့ ကို ဘတ်ငွေ (၂၅၀၀ )ကနေ( ၇၀၀၀ )အထိ ရှိကြောင်း ၀န်ခံခဲ့ပါတယ်။

Credit Khao sod
Social Action for Women - SAW (facebook)
ထိုင်းအလှကုန် ပစ္စည်းများ အတုလုပ်ရောင်းနေသူ အမျိုးသမီးအား ဖမ်းဆီး  ထိုင်းအလှကုန် ပစ္စည်းများ အတုလုပ်ရောင်းနေသူ အမျိုးသမီးအား ဖမ်းဆီး Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.