စစ်သည်တော်တစ်ဦး ဆွဲကြိုးချသေဆုံး


လှည်းကူးမြို့နယ်တွင် စစ်သည်တော်တစ်ဦး ဆွဲကြိုးချသေဆုံးခဲ့မှု မေလ ၁ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါနေ့ ညနေ ၄ နာရီအချိန်ခန့်တွင် လှည်းကူးမြို့နယ် ရဲမွန်တပ်မြို့ ခမရ ၂၁၆ တွင် စစ်သည်တော်တစ်ဦး ဆွဲကြိုးချ သေဆုံးကြောင်း သတင်းအရ ဒုရဲမှူး မောင် မောင်ဦး နှင့်အဖွဲ့က သွားရောက်စစ်ဆေး
ခဲ့သည်။ စုံစမ်းချက်အရ လူပျိုဆောင်နှင့်ပေ ၇၀၀ ခန့်အကွာရှိ မလေးရှားပိတောက်ပင်တွင် ပုဆိုးကွင်းကို အသုံးပြုကာ ဆွဲကြိုးချ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

စုံစမ်းချက်အရ သေဆုံးသူမှာ အသက် ၂၂ နှစ်အရွယ် တပ်သား တစ်ဦးဖြစ်ပြီး လွန်ခဲ့သော ၂ ရက်ခန့်က တပ်အနီးရှိ ပန်းမွှေးကုန်းကျေးရွာနေ ချစ်သူကို သွားရောက်ခိုးယူရာ မလိုက် သဖြင့် မှိုင်ထွေနေသူဖြစ်ကြောင်း ၊ မေလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် ပျောက်ဆုံး နေသဖြင့် လိုက်လံရှာဖွေရာမှ ဆွဲကြိုးချသေဆုံး နေသည်ကို တွေ့ရကြောင်း တပ်ရေးဗိုလ်ကြီးထံမှ သိရသည်ဟု ရဲမှတ်တမ်းတွင် ပါရှိသည်။

အလောင်းကို ကုတင် ၁၀၀၀ ဆေးရုံသို့ပို့အပ်ပြီး လှည်းကူးမြို့မရဲစခန်းကသေမှု သေခင်း အမှတ်စဉ် ၈/၁၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

တိုးဝေအောင်
The Myanmar Times
https://www.facebook.com/themyanmartimes
စစ်သည်တော်တစ်ဦး ဆွဲကြိုးချသေဆုံး  စစ်သည်တော်တစ်ဦး ဆွဲကြိုးချသေဆုံး Reviewed by THITHTOOLWIN on 17:18 Rating: 5
Powered by Blogger.