ဒီပဲယင်း အကြမ်းဖက်မှု (၁၃) နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းနား ကျင်းပ


ဒီပဲယင်း အကြမ်းဖက်မှု ၁၃နှစ်ပြည့်အခမ်းအနားကို ဒီပဲယင်းမြို့နယ် ကြည်ရွာတွင် မေ ၂၀ ရက်နေ့က ခမ်းနားစွာကျင်းပခဲ့ပြီး ယင်းအခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(ဗဟို) မှ မုံရွာအောင်ရှင်၊ ဦးဘာဘာ အပါအဝင် လူ ၁၀၀၀ ခန့်တက်ရောက်ကြောင်း သိရသည်။


"၂၀၀၇ခုနှစ်က ဒေါ်အောင်ဆန်စုကြည်ရဲ့ ခရီစဉ်လမ်းကြောင်းကို ဒီပဲယင်းမြို့နယ် ကြည်ရွာအဝင်လမ်းနေရာ ဒီပဲယင်းလမ်းမကြီးပေါ်မှာ မသာမာသူလူတစုက သတ်ကွင်းဆင်ကာ ညအချိန်မီးမောင်းများထိုးပြီး
ခရီးစဉ်နောက်လိုက်ပါလာသူမတွေကို အကြမ်းဖက် ဝင်ရောက်သတ်ဖြတ်ခဲ့ကြတယ်။ အဲဒီဖြစ်စဉ်မှာ အသက်ပေးသွားသူတွေကို နှစ်စဉ် မေ ၃၀ ရောက်တိုင်း ကြည်ရွာ ရွာဦးကျောင်းတိုက်မှာ နှစ်စဉ် ဆွမ်းကပ်လှူပြီး အမျှပေးဝေမှုတွေလုပ်ခဲ့တာ ဒီနစ်ဆိုရင် ၁၃ နှစ်ပြည်သွားပါပြီ။ ဒါကြောင့် ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်များက အောက်မေ့ဖွယ် အခမ်းနားကို တက်ရောက်ခဲ့တာ”ဟု ရေဦးမြို့ NLD လူငယ်တာဝန်ခံ ကိုသန်းမြတ်ထွန်းက ပြောသည်။


ဒီပဲယင်းအောက်မေ့ဖွယ်အခမ်းအနားကို တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ရွှေဘို၊ မုံရွာမြို့မှ အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံအတွင်းက ဒီပဲယင်းအကြမ်းဖက်မှုတွင် မသေဆုံးဘဲကျန်ရှိသူများ တက်ရောက်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုက ပေးပို့သောသဝဏ်လွှာများ ဖတ်ကြားခြင်းနှင့် လွမ်းသူပန်းခွေချခြင်းများ ပြုလုပ်ခဲ့ကြသည်။

စိုင်းထူးခန့်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဒီပဲယင်း အကြမ်းဖက်မှု (၁၃) နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းနား ကျင်းပ  ဒီပဲယင်း အကြမ်းဖက်မှု (၁၃) နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းနား ကျင်းပ Reviewed by THITHTOOLWIN on 17:55 Rating: 5
Powered by Blogger.