ငါးသိုင်းချောင်းမြို့ ဘုတ်ချောင်းကျေးရွာ၌ နေအိမ်သုံးလုံးမီးလောင်မှုဖြစ်ပွား


ပုသိမ် ဧပြီ ၃ဝ

ပုသိမ်ခရိုင် ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ ဘုတ်ချောင်းအုပ်စု ဘုတ်ချောင်းကျေးရွာရှိ ဦးဝင်းမောင်-ဒေါ်ကျင်စောနေအိမ်မှ ဧပြီ ၂၉ ရက် ည ၉ နာရီခွဲခန့်တွင် မီးစတင်လောင်ကျွမ်းရာ ယင်းနေအိမ်အပါအဝင် နေအိမ်သုံးလုံး မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ငါးသိုင်းချောင်းနယ်မြေ မီးသတ်စခန်းမှ သွားရောက်ငြှိမ်းသတ်ရာ ည ၁ဝ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဓနိမိုး၊ ထရံကာနေအိမ်သုံးလုံး ဆုံးရှုံးခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမှအမှုဖွင့် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးမင်းဦး(ပြန်/ဆက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily

ငါးသိုင်းချောင်းမြို့ ဘုတ်ချောင်းကျေးရွာ၌ နေအိမ်သုံးလုံးမီးလောင်မှုဖြစ်ပွား  ငါးသိုင်းချောင်းမြို့ ဘုတ်ချောင်းကျေးရွာ၌ နေအိမ်သုံးလုံးမီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 08:02 Rating: 5
Powered by Blogger.