လက်ဖက်ခူးစဉ် မိုင်းနင်းမိ

ဓါတ်ပုံ (မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတစ်ဦးကို လားရှိုးဆေးရုံမှာ ဒီကနေ့ တွေ့ရစဉ်)
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာအုပ်စု တဇီရွာမှာ လက်ဖက်ခူးရင်း မိုင်းနင်းမိတာကြောင့် ရွာသူအမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရပြီး လားရှိုးမြို့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

မနေ့က နေ့လယ် ထမင်းစားနားပြီး လက်ဖက်ခူးနေစဉ်မှာ မိုင်းနင်းမိတာဖြစ်တယ်လို့  ထိခိုက်ဒဏ်ရာရသူတွေနဲ့အတူရှိခဲ့တဲ့ ဒေါ်ဆိုင်မွန်း က ပြောပါတယ်။

မိုင်းပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦးက အဲ့ဒီနေရာမှာ သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူ ၃ ဦးဟာ ပြင်းထန်တာကြောင့် ကျောက်မဲမြို့ ဇီဝိတလူမှုကူညီရေးအသင်းရဲ့ အကူအညီနဲ့ လားရှိုးဆေးရုံကို ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်ခဲ့တဲ့ တဇီကျေးရွာတ၀ိုက်မှာ ပြီးခဲ့တဲ့လက အစိုးရတပ်၊ RCSS နဲ TNLA တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေလည်းဖြစ်ပါတယ်။

အဲ့ဒီတိုက်ပွဲတွေကြောင့် ညောင်မောင်း၊ တော့ဆန် အပါအ၀င် ကျေးရွာပေါင်း ၁၀ ရွာလောက်က ရွာသားတွေဟာ ကျောက်မဲမြို မှာ ခေတ္တတိမ်းရှောင်ခဲ့ရပြီး ပြီးခဲ့တဲ့ မတ်လကုန်ခါနီးမှာ လက်ဖက်ခူးရာသီ ရောက်တာကြောင့် နေရပ်ကိုပြန်သွားကြတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
လက်ဖက်ခူးစဉ် မိုင်းနင်းမိ  လက်ဖက်ခူးစဉ် မိုင်းနင်းမိ Reviewed by THITHTOOLWIN on 18:01 Rating: 5
Powered by Blogger.