အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် အပူလှိုင်းကျရောက်မှုကြောင့် လူ ၇ဝ ဦးသေဆုံး

အိန္ဒိယနိုင်ငံ Telangana ပြည်နယ်တွင် ပူးပြင်းသော နေရောင်အောက်၌ သွားလာနေကြသော ပြည်သူများအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)
    နယူးဒေလီ ၊ ဧပြီ ၇ ရက် ( ဆင်ဟွာ )

    အိန္ဒိယနိုင်ငံ တောင်ပိုင်း Telangana ပြည်နယ်တွင် ပြီးခဲ့သော ရက်ပိုင်းက ကျရောက်ခဲ့သည့် ပြင်းဒဏ်သော အပူလှိုင်း ဒဏ်ကြောင့် လူပေါင်း ၇ဝ ဦးသေဆုံးကြောင်း အိန္ဒိယ အစိုးရအကြီးတန်း အရာရှိတစ်ဦးက ဧပြီ ၇ ရက်တွင် ပြောကြားလိုက်သည်။

“ အခုချိန်ထိ အပူလွန်ကဲလို့ သေဆုံးတဲ့လူပေါင်း ၇ဝ နီးပါးရှိသွားပါပြီး။ အသေအပျောက် အများဆုံး ဖြစ်သွားတာကတော့ Mahabubnagar ခရိုင်ထဲမှာပါ။ အဲဒီမှာ သေဆုံးတဲ့လူ ၂၈ ဦးထိ ရှိပါတယ်”ဟု ၄င်းက အစိုးရအရာရှိကြီးက ဆိုသည်။

သေဆုံးသူ အများစုသည် နေပူထဲတွင် အလုပ်လုပ်ကြရသည့် အလုပ်ကြမ်းသမားများ နှင့် စိုက်ပျိုးရေး လုပ်သားများ ဖြစ်ကြောင်း ၄င်းက ဖြည့်စွက်ပြောကြားသည်။

အိန္ဒိယ မိုးလေဝသဌာန၏ ခန်းမှန်းချက်အရ လာမည့် ရက်အနည်းငယ်ထိ အပူရှိန်သည် ဆက်လက် မြင့်တက်ရန် ရှိနေပြီး ပြည်သူများအနေဖြင့် နေပူထဲ သွားလာခြင်းကို ရှောင်ရှားကြရန် ဒေသဆိုင်ရာ အာဏာပိုင်များက သတိပေးထားသည်။

၂ဝ၁၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံ Telangana ပြည်နယ်နှင့် အနီးအနားရှိ Andhra Pradesh ပြည်နယ်များတွင် အပူရှိန်လွန်ကဲခြင်းကြောင့် လူပေါင်း ၅ဝဝ ကျော် သေဆုံးခဲ့ရကြောင်း သိရသည်။

(Xinhua )
http://www.xinhuamyanmar.com
အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် အပူလှိုင်းကျရောက်မှုကြောင့် လူ ၇ဝ ဦးသေဆုံး  အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် အပူလှိုင်းကျရောက်မှုကြောင့် လူ ၇ဝ ဦးသေဆုံး Reviewed by THITHTOOLWIN on 18:09 Rating: 5
Powered by Blogger.