သမ္မတလောင်း ဖြစ်ခွင့်ပိတ်ရင် မတည်ငြိမ်မှု ဖြစ်မယ်လို့ Trump ဆို

ရီပါပလေကန် သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နေတဲ့ Donald Trump (Credit: Reuters) 
ရီပါပလေကန် ​ပါတီအတွက် ​သမ္မတလောင်းအဖြစ် ​သူ့ကို ​လက်မခံဘူးဆိုရင် ​ဆိုးဝါးတဲ့ ​ဖြစ်ရပ်တွေ ​ဖြစ်ပေါ်လာနိုင်တယ်လို့ ​ရီပါပလေကန် ​သမ္မတလောင်းအဖြစ် ​ဝင်ပြိုင်နေတဲ့ ​သူဌေးကြီး ​Donald ​Trump ​က ​ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ ​နိုဝင်ဘာလ ​၈ ​ရက်နေ့ကျရင် ​သမ္မတ ​ရွေးကောက်ပွဲ ​ရှိမှာ ​ဖြစ်ပါတယ်။

အဲဒီအတွက် ​နိုင်ငံရေး ​ပါတီတွေက ​သူတို့ရဲ့ ​သမ္မတလောင်းတွေကို ​ရွေးချယ်တင်မြောက်နေကြပါတယ်။

ရီပါပလေကန်ပါတီမှာတော့ ​အခုလောလောဆယ် ​Donald ​Trump ​က ​ရှေ့ပြေးနေပြီး ​ဒီမိုကရက်တစ်ပါတီမှာတော့ ​ဟီလာရီ ​ကလင်တန်က ​ရှေ့ပြေးနေပါတယ်။

Donald ​Trump ​ရဲ့ ​မူဆလင်တွေအပေါ် ​ထားတဲ့ ​ပေါ်လစီ၊ ​မက္ကဆီကိုနဲ့ ​ဒုက္ခသည်တွေအပေါ် ​ထားတဲ့ ​ပေါ်လစီနဲ့ ​အပြောအဆို ​မတတ်မှုတွေကြောင့် ​ရီပါပလေကန် ​ပါတီအတွင်းက ​လူတွေကပဲ ​Donald ​Trump ​ကို ​သမ္မတလောင်း ​မဖြစ်သင့်ဘူးလို့ ​ပြောဆိုဝေဖန်နေကြပါတယ်။

Donald ​Trump ​ကတော့ ​သူဒီအဆင့်အထိ ​ရောက်လာတာဟာ ​လူတွေရဲ့ ​ထောက်ခံမှုကြောင့် ​ရောက်လာတာ ​ဖြစ်ပြီး ​သူဟာ ​လူသန်းပေါင်း ​များစွာကို ​ကိုယ်စားပြုသူ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

အဲဒါကြောင့် ​သူ့ကို ​သမ္မတလောင်းဖြစ်ခွင့်က ​ပိတ်ပင်ရင်တော့ ​မတည်ငြိမ်မှုတွေ ​ဖြစ်မယ်လို့ ​ပြောဆိုလိုက်ပါတယ်။

သူ့ကို ​ထောက်ခံတဲ့ ​လူတွေဟာ ​အရင်တုန်းက ​နိုင်ငံရေး ​စိတ်မဝင်စားတဲ့လူတွေ၊ ​မဲပေးမှုမှာ ​မပါဝင်ခဲ့ကြသူတွေ ​ဖြစ်ပြီး ​အမေရိကန် ​နိုင်ငံရေးကို ​စိတ်ပျက်လွန်းလို့ ​မဲမပေးခဲ့ကြတာလို့ ​ဆိုပါတယ်။

အခုအခါမှာတော့ ​သူ့ကို ​ကြိုက်လို့ ​နိုင်ငံရေးကို ​စိတ်ဝင်စားလာပြီး ​မဲပေးကြမယ့်သူတွေ ​ဖြစ်တယ်လို့ ​ပြောလိုက်ပါတယ်။

Donald ​Trump ​ဟာ ​သမ္မတလောင်းတွေအနေနဲ့ ​စကားရည်လုပွဲတွေလည်း ​လုပ်ရမှာ ​ဖြစ်ပေမယ့် ​တနင်္လာနေ့မှာ ​Fox ​News ​မှာ ​လုပ်မယ့် ​စကားနိုင်လုပွဲကို ​ဖျက်သိမ်းလိုက်ပါတယ်။

အရင်တုန်းကလည်း ​Fox ​News ​ကို ​မကြိုက်လို့ ​စကားနိုင်လုပွဲကို ​ဖျက်သိမ်းဖူးသလို ​ဒီတချီမှာလည်း ​စကားနိုင်လုပွဲကို ​အများကြီး ​လုပ်ပြီးသား ​ဖြစ်လို့ ​မလုပ်ချင်ဘူးလို့ ​ပြောဆိုနေပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
သမ္မတလောင်း ဖြစ်ခွင့်ပိတ်ရင် မတည်ငြိမ်မှု ဖြစ်မယ်လို့ Trump ဆို သမ္မတလောင်း ဖြစ်ခွင့်ပိတ်ရင် မတည်ငြိမ်မှု ဖြစ်မယ်လို့ Trump ဆို Reviewed by THITHTOOLWIN on 16:02 Rating: 5
Powered by Blogger.