နိုင်ဂျီးရီးယား ဗလီမှာ အသေခံဗုံးခွဲမှုဖြစ် ၂၂ ဦးသေ

Photo (Stefanos Foundation, AP)
နိုင်ဂျီးရီးယားနိုင်ငံ ​အရှေ့မြောက်ပိုင်း ​ဗလီတစ်ခုမှာ ​အမျိုးသားလို ​ဝတ်ဆင်တဲ့ ​အမျိုးသမီး ​နှစ်ယောက်က ​အသေခံ ​ဗုံးဖောက်ခွဲမှု ​ပြုလုပ်ခဲ့ရာက ​အနည်းဆုံး ​၂၂ ​ယောက် ​သေဆုံးပြီး ​၃၅ ​ယောက် ​ဒဏ်ရာ ​ရရှိခဲ့ပါတယ်။

Maiduguri ​မြို့မှာ ​ဒေသစံတော်ချိန် ​မနက် ​၅ ​နာရီ ​ခွဲမှာ ​ဗုံးပေါက်ကွဲမှု ​ဖြစ်ပွားခဲ့တာ ​ဖြစ်ပါတယ်။

အမျိုးသားလို ​ဝတ်ဆင်တဲ့ ​အမျိုးသမီး ​နှစ်ယောက်ထဲက ​တစ်ယောက်ဟာ ​ဗလီဘုရာဝတ်ပြုကျောင်းထဲကို ​တခြားလူတွေနဲ့ ​ရှေ့ဆုံးတန်းကို ​ဝင်ရောက်ပြီး ​လူတွေက ​မတ်တတ်ရပ်ပြီး ​ဘုရားရှိခိုးမယ် ​လုပ်တုန်း ​ဗုံးကို ​ဖောက်ခွဲခဲ့တာ ​ဖြစ်ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ​လူတွေ ​ထွက်ပြေးနေတုန်းမှာပဲ ​နောက်အမျိုးသမီး ​တစ်ယောက်က ​လူတွေကြားမှာ ​ထပ်မံ ​ဗုံးဖောက်ခွဲလိုက်တာ ​ဖြစ်တယ်လို့ ​နိုင်ဂျီးရီးယား ​အာဏာပိုင်တွေက ​ပြောပါတယ်။

ဘိုကို ​ဟာရမ် ​စစ်သွေးကြွတွေဟာ ​ဗလီလို ​နေရာတွေ၊ ​ဈေးနဲ့ ​ဘတ်စ်ကားဂိတ်လို ​နေရာကို ​ပစ်မှတ်ထားလေ့ရှိသလို ​အသေခံ ​ဗုံးဖောက်ခွဲတဲ့ ​အမျိုးသမီးတွေကို ​သုံးလေ့ရှိတာကြောင့် ​ဘိုကို ​ဟာရမ် ​အဖွဲ့ရဲ့ ​လက်ချက်ပဲ ​ဖြစ်မယ်လို့ ​သုံးသပ်နေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
နိုင်ဂျီးရီးယား ဗလီမှာ အသေခံဗုံးခွဲမှုဖြစ် ၂၂ ဦးသေ နိုင်ဂျီးရီးယား ဗလီမှာ အသေခံဗုံးခွဲမှုဖြစ် ၂၂ ဦးသေ Reviewed by THITHTOOLWIN on 16:01 Rating: 5
Powered by Blogger.