မိုင်းယန်းမြို့နယ် ပုံလုံကျေးရွာတွင် တောမီးမှတစ်ဆင့် မီးကူးစက်ပြီး အိမ်ခြေ ၁၉ လုံးမီးလောင်မှုဖြစ်ပွား


ကျိုင်းတုံ မတ် ၂၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာ အုပ်စု၊ ပုံလုံကျေးရွာတွင် မတ် ၂၂ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်အချိန်၌ အရှေ့ တောင်ဘက် တောစပ်တွင်တောမီး လောင်ရာ မှတစ်ဆင့် ဦးကျိုင်းဆမ်နွမ် ၏နေအိမ် မီးကူးစက်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ ပုံလုံကျေးရွာ သည် အိမ်ခြေ ၈၇ လုံးရှိပြီး၊ မီးလောင်မှုကြောင့် သက်ကယ်မိုး နေအိမ်(၁၉)လုံး မီးလောင်ဆုံး ရှုံးခဲ့သည်။

အဆိုပါမီးလောင်သည့် ကျေးရွာသည် မိုင်းယန်းမီးသတ်စခန်းမှ ၁၇မိုင်ခန့် ကွာဝေးပြီး နံနက် ၁၁နာရီ၄၁ မိနစ်အချိန်တွင် မီးလောင်ပြင်သို့ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၈ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦး၊ ဒေါင်ဖန်းမီးငြှိမ်း သတ်ယာဉ် ၁ စီး စီး၊ CNJ ရေသယ်ယာဉ် ၁ စီး၊ အပေါ့စားမီးသတ်စက် ၂ လုံးတို့နှင့်အတူ သွား ရောက်ငြှိမ်း သတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်တွင် မီးကိုထိန်းနိုင်ခြဲ့ပီး မွန်းလွဲ ၁ နာရီခွဲအချိန်တွင် မီးလုံးဝ ငြှိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မိုင်းယန်းမြို့နယ် ပုံလုံကျေးရွာတွင် တောမီးမှတစ်ဆင့် မီးကူးစက်ပြီး အိမ်ခြေ ၁၉ လုံးမီးလောင်မှုဖြစ်ပွား  မိုင်းယန်းမြို့နယ် ပုံလုံကျေးရွာတွင် တောမီးမှတစ်ဆင့် မီးကူးစက်ပြီး အိမ်ခြေ ၁၉ လုံးမီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:36 Rating: 5
Powered by Blogger.