မူဆယ်မြို့ တိန်းလုံကျေးရွာတွင် မီးလောင်မှုဖြစ်ပွား


မူဆယ် မတ် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ မူဆယ်-နမ့်ခမ်း ပြည်ထောင်စု လမ်းမပေါ်၊ မူဆယ်မြို့မှ (၅)မိုင် အကွာရှိ တိန်းလုံ ကျေးရွာတွင် ယနေ့မတ်လ (၂၂)ရက် ညနေ(၅)နာရီခွဲက ဒေါ်နန်းသိန်းဟန် နေအိမ်မီးဖိုမှစပြီး မီးစ တင်လောင် ကျွမ်းရာ ည(၆)နာရီ၊ ၅၀ မိနစ်တွင် မီးညွှန့်ကျိုးပြီး နေအိမ်မကြီးနှင့် အခြားအိမ်သို့ ကူးစက်ခြင်း မရှိဘဲ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ငြိမ်းသတ်နိုင် ခဲ့ကြောင်း သိရှိရပါသည်။


အဆိုပါမီးမှာ ဒေါ်နန်းသိန်ဟန်၏ မီးဖိုချောင် (ပေ ၂၀ ပတ်လည်)တွင် လျှပ်စစ်ရေနွေးအိုးတည်ရာမှ ဝါယာရှော့ ဖြစ်ပြီး စတင်လောင်ကျွမ်းခြင်း ဖြစ်ကြောင်းနှင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သက်ဆိုင်ရာ၏ ထုတ်ပြန်ချက်အရ သိရသည်။

မူဆယ်ခရိုင် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မူဆယ်မြို့ တိန်းလုံကျေးရွာတွင် မီးလောင်မှုဖြစ်ပွား  မူဆယ်မြို့ တိန်းလုံကျေးရွာတွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:38 Rating: 5
Powered by Blogger.