"အန်အယ်လ်ဒီ အမတ်တွေ အစားအသောက် အနေအထိုင် အခွင့်အရေးမယူကြဖို့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံမှာကြား"


နေပြည်တော် မတ် ၂၈ရက်။ ။

NLD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်အပါအဝင် ကိုယ်စားလှယ်အများစု ဟာ ပင်ပန်းဆင်းရဲတဲ့ဘဝတွေက လာခဲ့တဲ့သူတွေဖြစ်တာကြောင့် အခုလို နေရာရလာတဲ့အခါမှာလည်း ဆင်းဆင်းရဲရဲ နေရတာကို ဂုဏ်ယူကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့တယ်လို့ ဦးဝင်းထိန်ကပြောပါတယ်။

ယနေ့(၁၁)နာရီဝန်းကျင်က ဒေါ်အောင်ဆန်းစုကြည်နဲ့အန်အယ်လ်ဒီပါတီကလွှတ်တော်ကိုယ်စားလှယ်တွေ ဇဗ္ဗူသီရိခန်းမဆောင်မှာ တွေ့ဆုံစဉ်ပြောကြားခြင်းဖြစ်ပါတယ်။

ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်ဦးဝင်းထိန်က`` ဒီမှာနေတာထိုင်တာစားတာသောက်တာနဲ့ပတ်သက်လို့အခွင့်အရေးမယူကြပါနဲ့အခွင့်အရေးမတောင်းကြပါနဲ့ဆင်းဆင်းရဲရဲနေတာကိုဘဲဂုဏ်ယူကြပါ။ကျနော်တို့ဆင်းဆင်းရဲရဲနေခဲ့တယ်။ဆင်းဆင်းရဲရဲနေခဲ့ပြီးတော့မှဒီလိုနေရာရောက်တဲ့အခါတိုင်းပြည်တာဝန်ထမ်းဆောင်ဖိုဆိုတာ မမေ့ကြဖို့ပေါ့´´လို့ တွေ့ ဆုံမှုအပြီး မီဒီယာတွေကိုပြောပါတယ်။

သည်တွေ့ ဆုံမှုဟာ နာရီဝက်လောက်ပဲကြာမြင့်တာဖြစ်ပြီးအင်အယ်ဒီ ကိုယ်စားလှယ်တွေ နဲ့ အောင်ဆန်းစုကြည်တို့ လွှတ်တော်တွင်းနောက်ဆုံးတွေ့ ဆုံခြင်းဖြစ်တယ်လို့ လည်း ဦးဝင်းထိန်ကပြောပါတယ်။

ဦးဝင်းထိန်က `အရင်လွှတ်တော်မှာတုန်းက တစ်ပတ်တစ်ခါ လွှတ်တော်ကိုယ်စားလှယ် (၄၀)ကျော်နဲ့ တွေ့တယ်တွေ့တဲ့အခါတွေမှာဆိုရင် အင်မတန်တန်ဖိုးရှိတဲ့နိုင်ငံရေးသင်ခန်းစာတွေရတယ်လို့ယူဆကြတယ်၊ အားလုံးကလည်း သဘောတူကြတယ် အခုဆိုရင်တော့ ဒီလိုအခွင့်အရေးကတော့ နည်းသွားပြီ´´လို့ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားလှယ်တွေ ကိုယ့်မြို့နယ် ကိုယ့်ဒေသမှာ တိုးတက်ရာ တိုးတက်ကြောင်း ကိစ္စတွေ ကိုကြိုးစားကြဖို့နဲ့ နိုင်ငံရေးသမားကောင်းဟာပြည်သူ့လူထုအကျိုးကိုဘယ်လိုသယ်ပိုးရမလဲဆိုတဲ့သဘောထားတွေကို ပြောပြခဲ့တယ်လို့လည်းသိရပါတယ်။

ပြည်ထောင်စုဝန်ကြီးရာထူးကိုယူလိုက်တဲ့ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၃၀ရက်နေ့ကျမ်းသစ္စာကျိန်ဆိုပြီးရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နှုတ်ထွက်ပြီးသူတယောက်ဖြစ်နေတော့မှာလည်းဖြစ်ပါတယ်။

Author/Photo - ဖေသက်ထက်ခင်
Kumudra
https://www.facebook.com/newsKumudra
"အန်အယ်လ်ဒီ အမတ်တွေ အစားအသောက် အနေအထိုင် အခွင့်အရေးမယူကြဖို့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံမှာကြား"  "အန်အယ်လ်ဒီ အမတ်တွေ အစားအသောက် အနေအထိုင် အခွင့်အရေးမယူကြဖို့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံမှာကြား" Reviewed by THITHTOOLWIN on 15:13 Rating: 5
Powered by Blogger.