အယ်လ်ဂျီးရီးယားတွင် စစ်ရဟတ်ယာဉ် တစ်စီး ပျက်ကျမှုကြောင့် တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံး

အယ်လ်ဂျီးရီးယားနိုင်ငံ Reggane ဒေသ တောင်ပိုင်းတွင် ပျက်ကျခဲ့သည့် စစ်ရဟတ်ယာဉ် တစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    အယ်လ်ဂျီးယား၊ မတ် ၂၈ ရက် (ဆင်ဟွာ)

    အယ်လ်ဂျီးရီးယား နိုင်ငံ Reggane ဒေသ တောင်ပိုင်းတွင် မတ်လ ၂၇ ရက်နေ့ ညနေပိုင်းက စစ်ရဟတ်ယာဉ် တစ်စီး ပျက်ကျမှုကြောင့် ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အယ်လ်ဂျီးရီးယားတပ်ဖွဲ့ဝင် ၁၂  ဦး သေဆုံးပြီး နှစ်ဦးထက်မနည်း ဒဏ်ရရှိခဲ့ကြောင်း နိုင်ငံ၏ ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြု ပြောကြား ခဲ့သည်။

အယ်လ်ဂျီးရီးယား လေတပ်မှ Mi-171 အမျိုးအစား ရဟတ်ယာဉ်သည်  မတ်လ ၂၇ ရက်နေ့ ဂရင်းနစ် စံတော်ချိန် ၁၈း၀၀ နာရီ၌ မစ်ရှင်တစ်ခု လုပ်ဆောင်နေစဉ် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် Adrar ပြည်နယ် Reggane ဒေသ အနီးတွင် ပျက်ကျခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန က ထုတ်ပြန်ချက်တစ်ခု တွင် ပြောကြားခဲ့သည်။

အဆိုပါ ရဟတ်ယာဉ် ပျက်ကျမှု နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အယ်လ်ဂျီးရီးယားတွင် စစ်ရဟတ်ယာဉ် တစ်စီး ပျက်ကျမှုကြောင့် တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံး  အယ်လ်ဂျီးရီးယားတွင် စစ်ရဟတ်ယာဉ် တစ်စီး ပျက်ကျမှုကြောင့် တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံး Reviewed by THITHTOOLWIN on 15:30 Rating: 5
Powered by Blogger.