မန္တလေး မင်္ဂလာဈေး မီး ထိန်းချုပ် နိုင်ပြီ၊ တတိယထပ်ရှိ ကလေး ၂ဦးကိုကယ်တင်နိုင်ခဲ့သော်လည်း မီးခိုမွှန်သူ ၂ ဦးကို ဆေးရုံသို့ပို့ဆောင်


 မန္တလေးမင်္ဂလာဈေးမီး ယခုထိလောင်ကျွမ်းနေဆဲ၊ တတိယထပ်ရှိ ကလေး ၂ဦးကိုကယ်တင်နိုင်ခဲ့သော်လည်း မီးခိုမွှန်သူ ၂ ဦးကို ဆေးရုံသို့ပို့ဆောင်

မန္တလေး၊ မတ် ၂၂ ။

ယနေ့ညနေ ၅း ၃၀ အချိန်က စတင်လောင်ကျွမ်းနေသော မန္တလေး မင်္ဂလာဈေးမီးမှာ ယခု အချိန်( ည၈း၄၀) ထိလောင်ကျွမ်းနေဆဲဖြစ်ကြောင်း မီးလောင်သည့်နေရာတွင် ရောက်ရှိသတင်းရယူနေသည့် ကမ္ဘောဇတိုင်းသတင်းထောက်က ယနေ့ည ၈း၄၀ တွင်သတင်းပေးပို့သည်။

" တတိယထပ်မှာပိတ်မိနေတဲ့ ၁၀ နှစ် အရွယ် ယောက်ကျား လေးနဲ့ ၁၄ နှစ်အ၇ွယ်မိန်းကလေးတို့ကို ကယ် တင်နိုင်ခဲ့ပါတယ်။ မီးခိုမွှန်တဲ့ မီးသတ်ရဲဘော်တစ်ဦး နဲ့ အမျိုးသမီးတစ်ဦးကိုတော့ ဆေးရုံပို့လိုက်ပါတယ်။ မီးကမငြိမ်းသေးပါဘူး၊ ဒုတိယ ထပ်က စလောင်တယ်လို့သိရပါတယ် ” ဟု ၄င်းကပြောသည်။


မန္တလေး မင်္ဂလာဈေး မီး ထိန်းချုပ် နိုင်ပြီ

မန္တလေး၊ မတ် ၂၂ ။

ယနေ့ညနေ ၅း ၃၀ ခန့်က စတင်လောင်ကျွမ်းခဲ့သော မန္တလေး မင်္ဂလာဈေးမီးကို ယနေ့ည ၉း၄၅ တွင် ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ကြောင်း မီးလောင်သည့်နေရာတွင် ရောက်ရှိ သတင်းရယူနေသည့် ကမ္ဘောဇတိုင်းသတင်းထောက်က ယနေ့ည ၁၀ နာရီတွင် သတင်းပေးပို့သည်။

" မီးကငြိမ်းပြီလို့ပြောလို့ရတယ်။ မီးကြွင်း မီးကျန်တွေ ကို ပဲ ငြိမ်းသတ်နေရတယ်။ ပျက်စီးမှု၊ မီးလောင်ရတဲ့ အကြောင်းအရင်းစတာတွေကိုတော့မသိရသေးဘူး၊ မနက်ဖြန်လောက်မှ သိရမယ်လို့ တာဝန်ရှိသူတွေကပြောပါတယ် " ဟု၎င်းကပြောသည်။

စိုင်းအောင်၊ နန္ဒကိုကို

PHOTO BY - KBZT NEWS
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai

မန္တလေး မင်္ဂလာဈေး မီး ထိန်းချုပ် နိုင်ပြီ၊ တတိယထပ်ရှိ ကလေး ၂ဦးကိုကယ်တင်နိုင်ခဲ့သော်လည်း မီးခိုမွှန်သူ ၂ ဦးကို ဆေးရုံသို့ပို့ဆောင်  မန္တလေး မင်္ဂလာဈေး မီး ထိန်းချုပ် နိုင်ပြီ၊ တတိယထပ်ရှိ ကလေး ၂ဦးကိုကယ်တင်နိုင်ခဲ့သော်လည်း မီးခိုမွှန်သူ ၂ ဦးကို ဆေးရုံသို့ပို့ဆောင် Reviewed by THITHTOOLWIN on 22:42 Rating: 5
Powered by Blogger.