လျှပ်စစ်မီးဖြင့် ဘုရားမီးပူဇော်ရာမှကန့်ဘလူတွင် မီးလောင်မှုဖြစ်ပွား


ကန့်ဘလူ မတ် ၂

စစ်ကိုင်းတိုင်းဒေကြီး ကန့် ဘလူမြို့ အမှတ်(၁)ရပ်ကွက် မှန်နီ ကုန်းရပ်အစွန်ရှိ ဦးချော(၃၁နှစ်) ၏နေအိမ် (နှစ်ပင်xနှစ်ပင်)ခန်း၊ ထရံကာ၊ ဝါးကြမ်းခင်း၊ သွပ်မိုး တစ်ခြမ်း သက်ငယ်တစ်ခြမ်းမိုး တစ်ထပ်အိမ်တွင် ယမန်နေ့မွန်းလွဲ ၁ နာရီ ၂၅ မိနစ်က အတွင်းခေါင်း ရင်းအခန်းရှိ လျှပ်စစ်မီးဖြင့် ဘုရားမီးပူဇော်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာ နေရာသို့မြို့နယ် ကော်မတီသုံးရပ်မှ ဥက္ကဋ္ဌများ၊ မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီးဖြင့် မြို့နယ် သန္ဓေမီးသတ်၊ အရန်တပ်ဖွဲ့ဝင် များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်ကွက် နေပြည်သူများက ငြှိမ်းသတ်ခဲ့ကြ ရာ မွန်းလွဲ ၁ နာရီ ၃၂ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် နေအိမ် အောက်ရှိ မွေးမြူထားသော ကျင်းတက်ဝက်တစ်ကောင်ကာလ တန်ဖိုးကျပ် ၅ဝဝဝဝခန့်၊ နေအိမ် မီးလောင်ဆုံးရှုံးမှု ကာလတန်ဖိုး ကျပ် ၂၅ဝဝဝဝ ခန့်ဆုံးရှုံးခဲ့ပြီး မီး လောင်မှုတွင် အိမ်ရှင်ဦးချောမှာ ခရီးလွန်နေ၍ ဇနီးဒေါ်မြင့်မြင့်သန်း (၃၃နှစ်)အား ကန့်ဘလူမြို့မရဲစခန်း က (ပ)အမှတ် ၃၉/၂ဝ၁၆၊ ပြစ်မှု ပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)
The Union Daily
https://www.facebook.com/uniondaily.net
လျှပ်စစ်မီးဖြင့် ဘုရားမီးပူဇော်ရာမှကန့်ဘလူတွင် မီးလောင်မှုဖြစ်ပွား  လျှပ်စစ်မီးဖြင့် ဘုရားမီးပူဇော်ရာမှကန့်ဘလူတွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:19 Rating: 5
Powered by Blogger.