မင်းဘူး(စကု)မြို့နယ် ကျွဲချကျေးရွာတွင် မီးလောင်မှုဖြစ်ပွား


မင်းဘူး မတ် ၂

မင်းဘူး(စကု)မြို့နယ် မန်းကျိုးကျေးရွာအုပ်စု ကျွဲချကျေးရွာတွင် မတ်လ(၁)ရက်နေ့ (၁၈း၁၀)နာရီအချိန်က ဈေးဆိုင်မှစ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရပြီး ၂၀ပေပတ်လည် သွပ်မိုး၊ထရံကာ၊ မြေစိုက်ဈေးဆိုင်ခန်းမီးကြွင်းမီးကျန်မှတဆင့် ဈေးဆိုင်ထရံသို့ မီးစတင် လောင် ကျွမ်းခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားရာသို့ မန်းရေနံမြေမှ မီးငြိမ်းသတ်ယာဉ် (၁)စီး၊ မင်းဘူးမီးသတ် တပ်ဖွဲ့စခန်းမှ မီးငြိမ်း သတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီးတို့နှင့်အတူ သက်ဆိုင်ရာတာဝန်ရှိသူများက ဒေသခံပြည်သူများနှင့် ပူပေါင်း ကာ (၁၈း၂၅) နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး သက်ဆိုင်ရာ မင်းဘူး(စကု) ရဲစခန်းမှ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မင်းဘူး(စကု)မြို့နယ် ကျွဲချကျေးရွာတွင် မီးလောင်မှုဖြစ်ပွား  မင်းဘူး(စကု)မြို့နယ် ကျွဲချကျေးရွာတွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:22 Rating: 5
Powered by Blogger.