မရမ်းကုန်းမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်သူ ကိုးရီးယားနိုင်ငံသားတစ်ဦး တိုက်ပေါ်မှပြုတ်ကျ သေဆုံး


 မရမ်းကုန်းမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်သူ ကိုးရီးယားနိုင်ငံသားတစ်ဦး တိုက်ပေါ်မှပြုတ်ကျ

ရန်ကုန်၊ မတ် ၂

၂.၃.၂၀၁၆ ရက်နေ့ ၀၆၀၀ အချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်သည့် နိုင်ငံခြားသားတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။


ထိုသို့သိရှိရသဖြင့် မရမ်းကုန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ နိုင်ငံခြားသားမှာ ကိုးရီးယားနိုင်ငံသား Mr.KIN HYOGUN (၃၅)နှစ်ဖြစ်ပြီး ၎င်းဟိုတယ်တွင် ၂၁.၁.၂၀၁၆
ရက်နေ့တွင် လာရောက် တည်းခိုနေထိုင်သူဖြစ်ကြောင်း၊ ၎င်းတည်း ခိုနေထိုင်သည့် အခန်းအတွင်းတွင် သေတမ်းစာတစ်စောင်ရေးသား ထားခဲ့ကြောင်းသိရပြီး ၎င်းပြုတ်ကျသေဆုံးမှုနှင့် ပတ်သက်၍ မရမ်းကုန်းမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ်(၄/၂၀၁၆)ဖြင့် ရေးဖွင့် စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
မရမ်းကုန်းမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်သူ ကိုးရီးယားနိုင်ငံသားတစ်ဦး တိုက်ပေါ်မှပြုတ်ကျ သေဆုံး   မရမ်းကုန်းမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်သူ ကိုးရီးယားနိုင်ငံသားတစ်ဦး တိုက်ပေါ်မှပြုတ်ကျ သေဆုံး Reviewed by THITHTOOLWIN on 11:09 Rating: 5
Powered by Blogger.