မူဆယ်၌ တပ်ဆင်ပြီး အသင့်မိုင်း(၂)လုံး၊ ပစ္စတိုတစ်လက်နှင့် ကျည်ဆံများ အား တရားခံနှင့်အတူ ဖမ်းဆီးရမိ


လားရှိုး၊ မတ် ၃၁

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၌ မတ်လ ၃၀ ရက် ည ၁၁နာရီအချိန်က မူဆယ်မြို့၊ကောင်းမှုတုံရပ်ကွက်၊ပြည်ထောင်စုလမ်းမကြီးနှင့် ပန်လုံ(၄) လမ်း ထိပ် အမှောင် ရိပ်တွင်ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်းသိရှိရသည်။


ဖြစ်စဉ်မှာ ဒုရပရ(လားရှိုး) နယ်မြေအတွင်း သင်္ကြန်အကြိုကာလ မှုခင်းကြိုတင် ကာကွယ်ရေးအတွက် ဒုရပရမှူး(လားရှိုး) ၏ ကြီးကြပ်ကွပ်ကဲ မှုဖြင့် လှည့်ကင်း၊ရပ်ကင်း၊ဝပ်ကင်း၊ပိတ်ဆို့ စစ်ဆေးခြင်း များအားနေ့စဉ်ဆောင်ရွက်လျက်ရှိနေပြီး ရဲအုပ်စိုင်းရှုအောင် ဦးစီးအဖွဲ့နှင့် ရဲအရာခံဘိုဘိုဟန် ဦးစီးအဖွဲ့တို့သည် မတ်လ ၃၀ ရက် ည ၁၁နာရီအချိန်က မူဆယ်မြို့၊ကောင်းမှုတုံရပ်ကွက်၊ပြည်ထောင်စုလမ်းမကြီးနှင့် ပန်လုံ(၄)လမ်း ထိပ် အမှောင်ရိပ်တွင် အမျိုးသားတစ်ဦးအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရန်ဆောင်ရွက်စဉ် အမည်မသိသူမှ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ပန်လုံ(၄)လမ်းနှင့် (၃)လမ်းထောင့် ခမ(LG-884525) တွင် ဖမ်းဆီးရမိ၍ စစ်ဆေးရာ သန်းအောင် (၄၈)နှစ် ၊မပတ (မမှတ်မိ) အမှတ်(၃၂)၊ပန်လုံ(၄)လမ်း၊ကောင်းမှုတုံရပ်ကွက်၊ မူဆယ်မြို့နေ သူဖြစ်ကြောင်း သိရှိရပြီး ၄င်းကိုင်ဆောင်ထားသော လက်ကိုင် အိတ်အတွင်းမှ CZECH REPUBLIC စာတမ်းပါ အသားရောင်အောက်ခံ တွင် အညိုရောင်ပါ(ပြောက်ကျားကွက်) A-01311 နံပါတ်ပါ 9mm ပစ္စတို (၁)လက်၊ ကျည်(၁၅)တောင့်ပါ ကျည်အိမ်(၁)ခု၊ အလျား (၇.၅)လက်မ၊ အနံ(၄.၅)လက်မ၊ ထု(၁.၅)လက်မခန့်ရှိ ယမ်းမှုန့်များထည့် ထားသော ကော်ချပ်ပြား(၂)ခု၊ အရှည် (၂.၅)လက်မခန့် ဒီတိုနီတာ(၂)ခု (၂ လက်မခန့်ရှိ ဖြူ/နီ ဝါယာကြိုးတပ်လျက်)၊ အလျား(၅)လက်မ၊ အနံ(၃) လက်မ ခန့်ရှိ အမည်းရောင် ဘက်ထရီကတ်(၂)ခု၊(၆ လက်မခန့်ရှိ ဖြူ/နီ ဝါယာကြိုးတပ်လျက်)၊ YK 3000 စာတမ်းပါ အရှည် (၆)လက်မခန့် ရှိ အဖြူရောင် ရီမု (၁)ခု (Panasonic 9V ဓါတ်ခဲ တစ်လုံးတပ်လျက်) တို့အား ဖမ်းဆီးရမိခဲ့သည်။

သန်အောင်အား စစ်ဆေးခဲ့ရာ လွန်ခဲ့သည့် နယုန်လ(နေ့ရက် မမှတ်မိ)ခန့် က SSA ဝမ်ဟိုင်း အဖွဲ့မှ လူသစ်စုဆောင်းခြင်းခံရပြီး ဝမ်ဟိုင်း ဌာနချုပ်တွင် လက်နက်ငယ်ပစ်ခတ်ခြင်း သင်တန်းအား (၂)လခန့် တက်ရောက်ခဲ့ကြောင်း၊ သင်တန်းတွင် နယ်ပေါင်းစုံမှ သင်တန်းသား (၂၀၀)ဦးခန့်ရှိကြောင်း သင်တန်းအား SSA ဝမ်ဟိုင်း အဖွဲ့မှ( စိုင်းနော်အပါ အဝင်-၆ဦး) (အမည်၊ ရာထူး၊ အဆင့် မသိ) တို့မှ ပို့ချခဲ့ပြီးနောက် ၄င်းအဖွဲ့၏ ပေးအပ်သည့် တာဝန်နှင့်အမိန့်များကို လိုက်နာရန်မှာကြား၍ နေရပ် အသီးသီး သို့ပြန် လည်စေလွှတ်ခဲ့ကြောင်း၊ သင်တန်းတက်ရောက်စဉ် ကိုင်ဆောင်သည့် ဖုန်းအမှတ်များကို ဆက်သွယ်ရန် ပေးအပ်ခဲ့ရကြောင်းနှင့် အချိန်မရွေး ဆက်သွယ်နိုင်ရေးအတွက် ၄င်းကိုင်ဆောင်သည့် ၀၉ ၄၅၂၀၀၅၁၉၇ အားပေးအပ်ခဲ့ပြီး အသင့်ထားရှိရန်မှာကြားခဲ့ကြောင်း သန်အောင်သည် ၄င်းနေအိမ်သို့ ပြန်လည်ရောက်ရှိပြီး ပန်လုံ(၄)လမ်းရှိ 97 ဆပ်ပြာစက်ရုံ အနီးရှိ ၄င်းပိုင် (၁)ဧကခန့်ရှိခြံတွင် နာနတ်စိုက်ခြင်း လုပ်ငန်းလုပ်ကိုင် ခဲ့ကြောင်းနှင့် SSA ဝမ်ဟိုင်း အဖွဲ့မှ ဆက်သွယ်လာမှု မရှိပဲ မတ်လ ၃၀ ရက် ညနေ ၄ နာရီ ခန့်အချိန်တွင် SSA ဝမ်ဟိုင်း အဖွဲ့မှ ဟုပြောဆိုပြီး ၄င်းထံ ဖုန်းဖြင့် စွမ်စော်ရပ်ကွက်ရှိ ဘာသာပေါင်းစုံ သုသာန်သို့လာရန် ဆက်သွယ်လာသဖြင့် သွားရောက်ခဲ့ရာမီးသဂြိုလ် စက် အဝင်လမ်းဆုံတွင် ဝမ်ဟိုင်းဌာနချုပ်၌ မြင်တွေ့ဘူးသည့် (အဆင့်၊အမည်၊ မသိ) SSA ဝမ်ဟိုင်း တပ်ဖွဲ့ဝင် အားတွေ့ဆုံခဲ့ပြီး ဖမ်းဆီးရမိ တပ်ဆင်ပြီးမိုင်း (၂)ခု၊ သေနတ်(၁) လက်နှင့်ကျည်တို့အားပေးအပ်ကာ ယနေ့ည မူဆယ်မြို့ လမ်းမကြီးပေါ် တွင် ဖောက်ခွဲဖျက်ဆီးရန်၊ဖောက်ခွဲမှု မပြုလုပ်ပါက ထိထိရောက်ရောက် အရေးယူမည်ဟုပြောဆိုခဲ့ကြောင်း၊ဖမ်းဆီးရမိသည့် မိုင်းနှင့်လက်နက်ခဲယမ်း များပေးအပ်ခဲ့သည့် SSA ဝမ်ဟိုင်းမှ အမည်မသိသူမှာ ISUZU အဖြူရောင် (နံပါတ် မသိ) မော်တော်ယာဉ်ဖြင့် မူဆယ်မြို့နယ်၊မန့်မိုင်ရွာဘက်သို့ ထွက်ခွာသွားကြောင်းနှင့် မတ်လ ၃၀ ရက် ည၁၀နာရီခွဲ အချိန်ခန့်တွင် ပန်လုံ(၄)လမ်းနှင့် ပြည်ထောင်စုလမ်းဆုံတွင် ဖောက်ခွဲဖျက်ဆီးရန် နေအိမ်မှ ထွက်လာစဉ် လှည့်ကင်းအဖွဲ့နှင့်တွေ့၍ဖမ်းဆီးခြင်းခံခဲ့ရပြီး သန်းအောင်အား ရဲအုပ် စိုင်းရှုအောင်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြို့မရဲစခန်း(မူဆယ်)(ပ)၁၃၂/၁၆၊ရှမ်း လက်နက်ဥပဒေ ၁၂(က)ဖြင့် အမှုဖွင့်အရေးယူထားရှိပြီး အမှုအားရဲအုပ် မျိုးထွန်းလွင်မှ စစ်ဆေးလျက်ရှိကြောင်းနှင့် ၁၇(၁)ဖြင့် အမှုဖွင့် အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

ဟန်ဌေး (လားရှိုး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မူဆယ်၌ တပ်ဆင်ပြီး အသင့်မိုင်း(၂)လုံး၊ ပစ္စတိုတစ်လက်နှင့် ကျည်ဆံများ အား တရားခံနှင့်အတူ ဖမ်းဆီးရမိ  မူဆယ်၌ တပ်ဆင်ပြီး အသင့်မိုင်း(၂)လုံး၊ ပစ္စတိုတစ်လက်နှင့် ကျည်ဆံများ အား တရားခံနှင့်အတူ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:29 Rating: 5
Powered by Blogger.