မြန်မာအမျိုးသမီးတစ်ဦး ၆လအရွယ်ကလေးကိုရောင်းစား


မနေ့မတ်လ ၃၀ရက်နေ့ နံနက် ၉နာရီလောက်တွင် ထိုင်းနိုင်ငံ ရနောင်းမြို့ဈေးထဲတွင် မြန်မာအမျိုးသမီးကြီးတစ်ဦး ဒေါ်မြသက် အသက် ၅၉နှစ်ဆိုသူက ၆လအရွယ်ကလေးမလေးကိုချည်ပြီး ကလေးကိုဈေးထဲမှာ ဘတ်ငွေ ၃၀၀၀၀ နဲ့ ထိုင်းဈေးသည်တွေဆီမှာ လိုက်ရောင်းပေးနေပါတယ်။

 ၎င်းကလေးဟာ သူမမြေးမလေးပဲ သူမသား၏သမီးအစစ်ပဲလို့ပြောပါတယ် ထိုင်းနိုင်ငံမှာမွေးထားကြောင်း မွေးစာရင်းလည်းရှိတယ်၊ ကလေးဘ၀တိုးတက်ကောင်းမွန်စေချင်လို့ဆိုပြီးပြောပါတယ်။

 ထိုင်းဈေးသည်အမျိုးသမီးတစ်ဦးက ၀ယ်မည့်အသွင်ဆောင်ပြီး ၁၀၀၀၀ နဲ့ရောင်းမလားလို့ဈေးစစ်ကြည့်တဲ့အခါ မရပါဘူး ၃၀၀၀၀ မှရမယ် ဈေးလျှော့လို့မရဘူးပြောပါတယ်။ ဒီတစ်ယောက်မက ရောင်းစားဖို့ ၂ယောက် ၃ယောက်ကျန်ရှိသေးတယ်လို့လည်းပြောပါတယ်။

 ဒီလိုဈေးကိုင်ပြီးရောင်းချခြင်းကို သုံးသပ်ရမယ်ဆိုရင် ကလေးဘ၀၏ကောင်းစားရေးအတွက်မဟုတ်ပဲ ကလေးလူကုန်ကူးများဖြစ်လေမလားလို့ပတ်ဝန်းကျင်လူတွေကထင်မြင်ယူဆကြသည့်အတွက် ရဲစခန်းသို့တိုင်ကြားလိုက်ပါတယ်။

 ကလေးနဲ့မိခင်စောင့်ရှောက်ရေးအဖွဲ့လည်းလာရောက်စစ်ဆေးမေးမြန်းခဲ့ပါတယ် ဒေါ်မြသက်၏ဖြေကြားချက်ကတော့ ဖြေကြားချက်တစ်ခါနဲ့တခါလွဲမှားတာရှိပြီး သူမမြေး ၂ယောက်ရှိတယ်ပြောလိုက် ၃ယောက်ရှိတယ်ပြောလိုက်နဲ့ မသင်္ကာမှုတွေ ပိုဖြစ်စေတဲ့အတွက် ရနောင်းမြို့တဘက်ကမ်း မြန်မာဘက်ခြမ်း ကော့သောင်းမြို့ရှိ မြန်မာတာဝန်ရှိထံ ဆက်သွယ်အကြောင်းကြား လိုက်ပါတယ်။

 မြန်မာဘက်ကလည်းဤတစ်ရက်နှစ်ရက်အတွင်းမှာ ကော့သောင်းမြို့ဈေးရုံမှာ ကလေးပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။ ၎င်းပျောက်ဆုံးသွားသောကလေးနဲ့ ဤဒေါ်မြသက်ရောင်းစားနေသောကလးက တစ်ဦးတည်းဟုတ်မဟုတ်စစ်ဆေးရန် ဒေါ်မြသက်ကိုထိုင်းဘက်ခြမ်းရနှောင်းမြို့မှာချုပ်နှောင်ထားပြီး မြန်မာဘက်ခြမ်းကတာဝန်ရှိတွေ လာရောက်ခေါ်ဆောင်သွားဖို့ စောင့်ဆိုင်းနေပါတယ်။ မြန်မာဘက်ခြမ်းကိုပဲလွဲအပ်ပေးမှာဖြစ်ပြီး မြန်မာနိုင်ငံကဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Thai News Agency
MTF Channel
https://www.facebook.com/mtftv
မြန်မာအမျိုးသမီးတစ်ဦး ၆လအရွယ်ကလေးကိုရောင်းစား  မြန်မာအမျိုးသမီးတစ်ဦး ၆လအရွယ်ကလေးကိုရောင်းစား Reviewed by THITHTOOLWIN on 18:08 Rating: 5
Powered by Blogger.